News

မိခင်နဲ့ဖုန်းပြောခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် တောင်းဆို

By TheLisuTimes

March 28, 2021

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ပြုဖို့ သားအငယ်ဖြစ်သူ ကိုထိန်လင်း ( ခေါ်) Dannian Kim Arundel Aris က ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ တွေ့ဆုံချိန်မှာ တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ Alexander Aris(ခေါ်) ကိုမြင့်ဆန်းအောင် နဲ့ Dannian Kim Arundel Aris (ခေါ်) ကိုထိန်လင်း ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။