မွန်ညီညွှတ်ရေးပါတီက စစ်ကောင်စီနှင့် တွဲဖက်သွားချိန်မှာ သြဇာကြီးမားသော ဗဟိုကော်မတီဝင်အဆင့်များနှင့် ပါတီဝင်များ ၂၀ ဦးထက်မနည်း မတ်လ ၂၄ ရက်နေ့မှာ နှုတ်ထွက်လိုက်ကြပါတယ်။မွန်ညီညွှတ်ရေးပါတီအနေနှင့် စစ်ကောင်စီနှင့် ပေါင်းဖက်ဖို့ ပြီးခဲ့သော မတ်လ ၁၅ ရက်နေ့ ဗဟိုကော်မတအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအမည်ယူထားသည့် ပါတီအများအပြားသည် စစ်တပ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကန့်ကွက်စာ ထုတ်ပြန်ခြင်းမပြုသည့်အပြင်၊ အလိုတူအလိုပါ ပေါင်းဖက်နေကြတာ ဖြစ်ပါတယ်။