News

မင်းတပ်မှာ စစ်ကောင်စီရဲ့ တိုက်ပွဲရှောင်စခန်း (၁၀) ခုဖွင့်လှစ်

By TheLisuTimes

May 29, 2021

စစ်ရေးနှင့် ကိုဗစ် စိန်ခေါ်မှုများကြားမှာ စစ်ကောင်စီက မင်းတပ်မြို့မှာ လူဦးရေ ၁၅၀၀ ကျော်တည်းခိုနေနိုင်မယ့် တိုက်ပွဲရှောင်နေရာ (၁၀) ခုကို ဖွင့်လှစ်ပေးမယ်လို့ ယနေ့ မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်စာထဲမှာ ဒေသခံတို့ရဲ့အခက်အခဲကို ကူညီပေးဖို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များထံမှ သြဝါဒခံယူ၍ တိုက်ပွဲရှောင်စခန်း (၁၀) ခုဖွင့်လှစ်တယ်လို့ ဖော်ပြထားပြီး စစ်နယ်မြေမှူးကိုယ်စားတစ်ဦး လက်မှတ်ရေးထိုးထားပါတယ်။

စစ်ကောင်စီက မေလ ၁၃ ရက်နေ့ကစတင်ပြီး မင်းတပ်မြို့ကို မာရှယ်လောနဲ့အုပ်ချုပ်နေတာဖြစ်ပါတယ်။