Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
ဘုရားသခင်ကြားပါ့မလား… (OPINION)

Opinion

ဘုရားသခင်ကြားပါ့မလား… (OPINION)

By TheLisuTimes

April 27, 2021

ဒီနေ့ မနက်ခင်း ၁၁ နာရီမှာ မိုဘိုင်းလ်ဖုန်းကလေး ထမြည်လာပါတယ်။ ဘယ်သူများခေါ်ပါလိမ့်လို့ လှမ်းကြည့် လိုက် တော့ CDM မှာပါဝင်နေတဲ့ အစ်မတစ်ယောက်။ ဒီအချိန် ဧပြီလကုန်ပိုင်းက ရန်ကုန်မြေမှာတော့ အတော် လေးပူနေပါပြီဆိုပေမယ့် ဟိမဝန္တာ အရှေ့စူးစူး တောင် စွယ် တောင်ဖျား ဒေသမှာတော့ ချမ်းအေးနေတဲ့အချိန်၊ မြူတွေ ဖုံးလို့ ကောင်းနေချိန်ပါပဲ။“မောင်လေးရေ၊ ဘာသတင်းတွေကြားရသေးလဲ။ အစ်မက တောတစ်နေရာမှာ ရှောင်နေတာ။ အခု ဖုန်းလိုင်း ကလေး မိလာလို့ ဆက်ကြည့်တာပါ” ကျွန်တော်လည်း မတရားတဲ့ပွဲ၊ မမျှတတဲ့ပွဲမှာ မခံချိမခံသာဖြစ်ရတာ၊ အိပ်မရတဲ့ ညတွေလည်း များနေရသူတွေထဲက တစ်ယောက်ပါပဲ။ အခြေအနေကို နားလည်နိုင်အောင်ပြောပြဖို့ ကြိုးစားပါတယ်။ သူသတင်းငတ်နေရှာမှာပေါ့။“အခုထိတော့ အားလုံးနေကောင်းကြတယ် အစ်မ။ တိုက်ပွဲက ရှောင်လွဲ လို့မရနိုင်တော့ဘူးထင်တယ်။ ပြည်သူက အာဏာသိမ်းမှုကိုလုံးဝလက်မခံဘူး။ လူငယ်လူရွယ်အ များပိုင်း ၇၀၀ ကျော်က အသက်ဆုံးရှုံးထားကြပြီ။ ပြည်သူ့မဲတွေနဲ့ ရွေးကောက်ထားတဲ့ လွှတ်တော် ကိုယ်စား လှယ် တွေက လည်း စုဖွဲ့ပြီး CRPH လုပ်ထားတယ်။ CRPH ကလွှတ်တော်တစ်ရပ်အနေနဲ့ ကြား ကာလ အမျိုး သားညီညွှတ် ရေးအစိုးရ NUG ကို ဧပြီလ ၁၆ ရက်နေ့မှာဖွဲ့စည်းလိုက်တယ်။ အာဏာသိမ်း စစ်ကောင်စီကလည်း CRPH & NUG အစိုးရအဖွဲ့ဝင်တွေ ကို နိုင်ငံတော်ပုန်ကန်မှု ခေါင်းစဉ်တွေနဲ့ အမှုဖွင့်ထားကြပါတယ်။ တစ်ဘက်ကလည်း အာဏာသိမ်း စစ်ကောင်စီ ကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တရားစွဲဆိုဖို့လုပ်နေကြပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်တွေလည်းလုပ်နေကြပြီ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရယ်၊ ပြည်တွင်းက လူငယ်လူရွယ်တွေအားလုံးက သတိအနေအထား၊ အသင့်အနေအထားနဲ့ သက်ဆိုင်ရာလွတ်မြောက်နယ်မြေတွေမှာ ရှိနေကြပြီလို့ ကြားရတယ်။ ကမ္ဘာ့ကုလသမ္မဂ္ဂ နဲ့ အာဆီယံတို့ကလည်း မြန်မာ့ အရေး ပြောဆိုရတဲ့အထိဖြစ်နေပြီ။ ဒါပေမယ့် အိမ်နီးချင်းတရုတ်ရဲ့ စေတနာက မြန်မာ့အရေးကိုလိုသလို ပုံသွင်းသွားမယ်လို့ထင်ရပါတယ်။ မြန်မာ့အရင်းအမြစ်များစွာကို သူခိုးဈေးနဲ့ ရချင်နေတာကြောင့် မြန်မာပြည်မှာ သူခိုးဈေးနဲ့ သယံဇာတတွေကို ထုတ်ရောင်းမယ့်၊ လုပ်ငန်းတွေကို ခွင့်ပြုမယ့် အာဏာရှင် အစိုးရမျိုးကိုပဲ တရုတ်ကလိုချင်မှာပါ။ တရုတ်ရဲ့မတရားလောဘက မြန်မာရဲ့ ပြည်သူ့ဒုက္ခဖြစ်လာတယ်။အခုအထိ တော့ စစ်ကောင်စီကို ကျေနပ်စွာလက်ခံတဲ့ လူထုအဖွဲ့အစည်းတွေ မတွေ့ရသေးဘူး။ ရထား၊ ရုံး၊ ကျောင်းတွေ သော့ခတ်ပိတ်ထား နေရဆဲပဲ။ ရှေ့ဆက်မှာ အမှန်တရားကျဆုံးပြီး မတရားမှုမင်းမူသွားမလား။ တရားမျှတမှုက အောင်ပွဲခံသွား မလား ဘယ်သူမှ မပြောတတ်ဘူး။ ဒါပေမယ့် ပညာတတ်တွေအားလုံးဟာ (အကျင့်ဖောက် ပြန်သူတွေက လွဲလို့) စစ်အာဏာသိမ်းမှုကို တိုင်းပြည်အတွက် အပေါင်းလက္ခဏာ လို့မမြင်ကြပါဘူး။ ဝမ်းသာ အယ်လဲ မဖြစ်ကြပါဘူး။ တပ်ကနေ ထွက်ခွာလာကြတဲ့ သူတွေအများကြီး ရှိလာနေပြီး၊ တပ်မတော်ရဲ့ သိက္ခာတွေ ဟာကျဆင်းပြီး၊ စည်းနှောင်ကြိုးဟာ ပြေလာနေပြီလားလို့ တွေးနေမိတယ်။ တကယ်လို့သာ တိုင်းရင်းသား လက်နက်ကိုင်တွေက စစ်ရေးကိုစတင်ပြီဆိုရင် စကစ ဥက္ကဌမင်းအောင်လှိုင်နဲ့ အပေါင်းပါတစ်စုအတွက် အသက်ပေး ကာကွယ်ဖို့ စိတ်ဆန္ဒလျှော့နည်းနေမယ်လို့ ယူဆရပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေထဲက ထွက်လာကြ သူတွေ အနေနဲ့တော့ မဲစာရင်းစစ်တာ တပ်မတော်ရဲ့အလုပ်မဟုတ်ဘူး။ တပ်မတော်က ပြည်သူ ကို အနိုင်ကျင့် သတ်ဖြတ်ဖို့မဟုတ်ဘူး။ တပ်မတော်က ပြည်သူ့လုံခြုံရေးကို အာမခံပေးရမယ့် အဖွဲ့အစည်း ဖြစ်တယ်။ နိုင်ငံရေး လုပ်ဖို့အဖွဲ့မဟုတ်ဘူးဆိုတာ သဘောပေါက်လို့ ပြောထွက်လာကြပါတယ်။

ဒါပေမယ့် အစ်မရယ်၊ ဒါတွေကသိပ်ပြီးမြင့်မားတဲ့ အခင်း အကျင်းတွေပဲ။ ကိုယ့်ခံယူချက်မှာ လူသတ်ကောင်၊ အာဏာလုကောင်တွေ အောက် မှာ အလုပ်မလုပ်ချင်ဘူးလို့ ဆုံးဖြတ်ထားရင်ပဲ တော်လှပြီ။ ခံယူချက်က အရေးကြီးတယ်။ နိုင်တဲ့ဘက်မှာ နေရတာ ထက်၊ မှန်တဲ့ဘက်မှာနေဖို့ပဲလိုတယ်” လို့ သူတိမ်း ရှောင်နေစဉ်အတွင်း လတ်တလေ ဖြစ်ပေါ်တိုးတက်မှုတွေကို စီကာပတ်ကုံး update ပြောပေးရပါတယ်။“ရွာမှာတော့ မင်းအောင်လှိုင်နိုင်နေပြီ ဆိုပြီး CDM တွေ non-CDM ပြန်လုပ်နေကြပြီ။ အဆိုးဆုံးက ကျမ်းစာ ကျောင်းတွေဖွင့်တယ်။ ဘုရားကျောင်းတွေပြန်ဖွင့်နေတယ်။ အစ်မကတော့ ဘုရားကျောင်းလည်း မသွားတာ ကြာပြီ။ ရွာက အသိတွေ အားလုံးလဲ အစ်မကို အလုပ်ပြန်ဆင်းဖို့ပဲ ဖိအားပေးကြတယ်။ သူတို့က မကာကွယ်ပေးတဲ့အပြင်၊ ခြိမ်းခြောက်မှု တွေပါ လုပ်လာ ပါတယ်။ အခုတောင်ပေါ်တစ်နေရာမှာ တဲကလေးထိုးလို့ တိမ်းရှောင်နေတယ်။ အစ်မရဲ့ သဘော ထားကတော့ ရှင်းရှင်းကလေးပဲ။ ပြည်သူတွေမဲပေးပြီး ရွေးထားတဲ့ အစိုးရပြန်နိုင်ရင် အလုပ်ပြန်ဆင်း မယ်။ မဟုတ်ရင်တော့ ကိုယ့်ဟာကိုယ်အိမ်မှာပဲနေ ကြက်၊ ဝက်မွေးပြီးပဲ နိုင်သလောက် လုပ်စား တော့မယ်။ လောလောဆယ်တော့ အဖမ်းမခံရအောင် နေမယ်။”ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါ။ ပြည်သူရဲ့အသိနဲ့ တန်ရာတန်ရာအုပ်စိုးသူတွေကို ရကြတယ်ဆိုတာကိုတွေ့ သတိရမိလိုက်ပါတယ်။ ပြောသင့်တာကိုတော့ ပြောချင်ပါတယ်။ကောင်းကင်ကငှက်တွေပျံသန်းနေတာကို ရပ်တန့်လို့မရပေမယ့်၊ ကိုယ့်ခေါင်းပေါ်မှာ ငှက်လာမနားအောင်တော့ ကာကွယ်လို့ရပါတယ် လို့ဆိုရိုးစကားရှိပါတယ်။ လူသားတစ်ယောက်အနေနဲ့ အမူအကျင့်၊ သိက္ခာနဲ့ဆိုင်ရင် … မတရားတာကို ကိုယ့်အတိုင်းအထွာ ကလေးနဲ့ ခုခံတွန်းလှန်လို့ ရတဲ့အကြောင်း ညွှန်းဆိုပါတယ်။ မုဆိုးမတစ်ဦးက သူရနေတဲ့ဂွင်ထဲမှာ မတရားတဲ့ အာဏာသိမ်းမှုကို ခုခံတွန်း လှန်နေတာ၊ သူမ ပေးထားတဲ့ မဲတစ်ပြားကို လေးစားဖို့ပြောနေတဲ့အချိန်၊ သူမ အလုပ်လုပ်နေတဲ့ ဌာနမှာ အလုပ် မဆင်းပဲ ငြိမ်းချမ်းစွာ အာဏာဖီဆန်နေချိန်မှာ … အသင်းတော်အဖွဲ့အစည်းတွေ၊ ရပ်ရွာက ခေါင်းဆောင် တွေကတော့ မတရားသောသူတွေရဲ့ တိုက်တွန်းခြင်းအောက်မှာ လျှောလျှောရှူရှူ တိုးဝင်ခေါင်းငုံ့သွားကြပါပြီလား။သေနတ်ဟာ လူကိုသတ်နိုင်တယ်။ သေနတ်ဟာကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် လူတွေရဲ့ မတရား တာကို အရှုံးပေးအညံ့ခံစိတ်က ဘဝတွေကိုသတ်ပစ်နိုင်တယ်။ ပညာနဲ့သိက္ခာ တွေကိုလုံး၀ ပျက်စီး စေနိုင်ပါတယ်။ ကြောက်စိတ်က သေနတ်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။တရားမျှတမှု၊ ဖြောင့်မတ်မှုကို နှုတ်ကတစ်ဖွဖွပြောကြတဲ့ ဘာသာရေးဆရာတွေက မတရားသူရဲ့ တိုက်တွန်း ခြင်းသို့ လိုက်နေပြီဆိုကတည်းက အဲ့ဒီဘုရားကျောင်းတွေ၊ အဲ့ဒီဘာသာရေးအဖွဲ့အစည်းတွေက ရပ်တည်မှု ပျက်သွားပါပြီ။ သိက္ခာတွေ ပျက်သွားပါပြီ။ ကိုဗစ် ကပ်ရောဂါကြားထဲမှာ၊ ဆင်ခြေပေးလို့ အကောင်းဆုံး အနေ အထားမှာ တောင် … မတရားတဲ့အမိန့်အာဏာတွေကို ဝမ်းသာအယ်လဲခံယူလုပ်ဆောင်နေကြတယ်ဆိုရင် … ဘာမှ မပြောလို တော့ပြီ။ ဘုရားကျောင်းတွေ၊ ခရစ်ယာန်အစုအဝေးတွေက သခင်ယေရှုခရစ်တော်ရဲ့ အမည်နာမအောက်မှာသာ စုဝေးကြပေမယ့်၊ သခင်ယေရှုရဲ့အဆုံးအမကိုတော့ တစ်ချက်ကလေးတောင် မလုပ်ကြတဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့်ကျမ်းစာ တကယ်နားလည်လာတဲ့သူတွေက ကိုယ်နိုင်တာလေး လုပ်စရာရှိတာလုပ်ကြ၊ ဘုရားကျောင်းမှာ အချိန်မဖြုန်းကြနဲ့လို့တောင် ပြောလာနေပါပြီ။ stop gathering around the name of Jesus while ignoring the ways of Jesus. Remember the poor. Visit the prisoner. Feed the hungry. Clothe the naked. Welcome the stranger. Deliver the oppressed. Serve the least. And rise for the marginalized. He waits for us there. လို့သတိပေးမှုတွေဖြစ်လာပါတယ်။အစ်မက မုဆိုးမတစ်ဦး။ ဒါပေမယ့် ကိုယ်ယုံကြည်ရာ လုပ်ရဲတဲ့ သတ္တိခဲလေးပါ။ တစ်ယောက်ထဲရုန်းကန်ပြီး သား ၂ ယောက်၊ သမီး ၄ ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့တဲ့ အာဂမိခင်ပါပဲ။တစ်ဘက်မှာ အစိုးရလုပ်ငန်းတစ်ခုမှာလည်း လုပ်သက် ရင့်ခြင်းနဲ့ ကောင်းခြင်းဂုဏ်နာမည် တစ်လုံးနဲ့။ အများကြီးအသံမထွက်နိုင်ပေမယ့် ကိုယ့်အတိုင်းအထွာလေးနဲ့ မတရားမှုကို မတရားဘူးလို့ ပြောနေ၊ ရပ်တည်နေတာက … သတင်းမီဒီယာတို့ မရောက်နိုင်တဲ့နေရာ၊ အသင်းတော်တွေက အားနည်းသူ မိန်းမသား၊ မုဆိုးမကို အကာအကွယ်ပေးဖို့ ပျက်ကွက်သလောက် ၊ အာဏာ ရှင်အလိုကျကဖို့က လျင်မြန်ဖျတ်လတ် ဝမ်းသာအယ်လဲဖြစ်နေတဲ့နေရာပါ။သူမက အခုနေအချိန်မှာ စစ်ကောင်စီရဲ့ လူတွေ၊ လက်နက်ကိုင်တွေက စုံစမ်းရှာဖွေနေတာမို့ ဟိမဝန္တာရဲ့ အရှေ့စူးစူး တောင်စွယ် တောင်တန်း တစ်နေရာမှာ ပုန်းခိုနေဆဲပေါ့။ တော်လှန်ရေးဟာ ဘယ်အချိန်နိုင်မယ်မှန်းမသိပေမဲ့ … ကြမ်းတမ်းမှုတွေရယ်၊ လွမ်းစရာကောင်းလောက်တဲ့ တောတောင်တစ်နေရာကနေ “မြန်မာပြည်သူတွေကို စိတ်ချမ်းသာမှုပေးဖို့၊ အစွမ်းသတ္တိတွေပေးဖို့၊ အင်အားကြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ရိုးသားစွာကူညီပေးဖို့” အစ်မဆုတောင်းမယ်လို့ ဆိုလိုက်ပါတယ်။ စိမ်းညို့ညို့ တောင်တန်းတစ်နေရာက CDM ၀င်နေတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်၊ မုဆိုးမတစ်ယောက်ရဲ့ ဆုတောင်းသံကို ဘုရားသခင်ကြားပါ့မလား …