Technology

ဘာလုပ်သင့်သလဲ

By TheLisuTimes

May 01, 2021

စစ်တပ်ဟာ လူစကားနားမလည်ဘူးဆိုတာကို နိုင်ငံတကာအသိုင်းအဝန်းက အမြန်ဆုံး သဘောပေါက်သင့်ပါတယ်။ အပြစ်မဲ့ပြည်သူတွေအသက်များစွာ စတေးခံပြီး မြန်မာစစ်တပ် လူစကားနားလည်လာတဲ့အထိ အချိန်ပေး စောင့်နေမလား၊ ကိုယ်ကပဲ မြန်မာစစ်တပ်ဟာ လူ့ယဉ်ကျေးမှုနဲ့အသိတရားမရှိဘူး၊ လူတွေပြောတဲ့စကားကို နားမလည်ဘူးဆိုတာကို မြန်မြန်သဘောပေါက်အောင်လုပ်မလားဆိုတာကတော့ … နိုင်ငံတကာအဖွဲ့အစည်းများ၊ ပါဝါရှိတဲ့ အစိုးရများ၊ ကူညီနိုင်စွမ်းတဲ့သူတွေအားလုံး ဆုံးဖြတ်ကြရပါမယ်။