Celebrity

ဗွီလော့ဂါ ဒီးဒီး ရဲ့ မြန်မာ ဘဏ်အကောင့်တွေ ပိတ်ခံရ

By TheLisuTimes

June 14, 2021

ကယားပြည်နယ်က စစ်ဘေးရှောင် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုတွေအတွက် ရံပုံငွေရှာပြီး ကူညီပေးနေတဲ့ ဗွီလော့ဂါ ဒီးဒီး ရဲ့ဘဏ်အကောင့်တွေ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး ပိတ်ခံလိုက်ရပါတယ်။

” လောလောဆယ် မြန်မာနိုင်ငံက ကျွန်တော့်ရဲ့ Bank accounts တွေအကုန်အပိတ်ခံလိုက်ရပါတယ်။ ကျွန်တော် က စစ်ရှောင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို သာ ကူညီတာပါ။ ဘာလို့ပိတ်သလဲဆိုတာတော့အတိအကျ မသိရသေးပါဘူးဗျာ့။ ဒါပေမယ့်အလှုရှင်တွေ စိတ်မပူပါနဲ့ လို့ပြောချင်ပါတယ်။ “

လက်ရှိမှာ အကောင့်အတုတွေ၊ အလှူခံလင့်အတုတွေအများကြီး ရှိနေတာဖြစ်ပြီး အလှူရှင်တွေအနေနဲ့ သတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီးဒီးကတစ်ဆင့် ကယားပြည်နယ်ရှိ စစ်ဘေးကြုံနေရသူတွေကို လက်ရှိလှုချင်ရင် GoFundMe ကတစ်ဆင့် လှုလို့ရတယ်လို့ဆိုပါတယ်။ လင့်ကတော့gofundme.com/2dz112zy20 ဖြစ်တယ်လို့သိရပါတယ်။