Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
ပူတာအို မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်ညမစောင့်တော့

News

ပူတာအို မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်ညမစောင့်တော့

By TheLisuTimes

May 29, 2021

ပူတာအိုမြို့နယ်၊ မူလာရှီးဒီကြိုးတံတားထိပ်က စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်က ယနေ့ မေလ ၂၉ ရက်နေ့ ညမှာတော့ ဂိတ်စောင့်မထားတော့ဘူးလို့ သိရပါတယ်။

” အဲ့ဒီမှာ စစ်သားရော၊ ရဲရော စောင့်တာဟုတ်တယ်။ ဒီညပိုင်းမှာပဲ ဂိတ်စောင့်တွေ အထုပ်အပိုးနဲ့ ပြန်သွားကြပြီ။ သူတို့လုံခြုံရေး စိုးရိမ်လို့ ထင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

မေလ ၂၈ မနက်ပိုင်းမှာ စစ်ကောင်စီ၏ ခလရ (၄၆) ဗျူဟာတပ်ကို အဝေးကပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်၊ မေ ၂၉ မနက်ပိုင်းမှာ ဖတ်မာရွာအနီး စစ်ကောင်စီ၏ ကားတန်းကို ကေအိုင်အေက တိုက်ခိုက်ခဲ့ပါတယ်။