News

ပူတာအိုမှာ ယနေ့ကျောင်းအပ်သူများပြား

By TheLisuTimes

May 24, 2021

စစ်ကောင်စီအမိန့်နဲ့ ဖွင့်လှစ်မယ့် ၂၀၂၁-၂၂ ပညာသင်နှစ် အတွက် ယနေ့ မတ်လ ၂၄ ရက်နေ့မှာ ပူတာအိုဒေသရှိ အစိုးရ ကျောင်းတိုင်းလိုလို ကျောင်းအပ်နှံသူများ စည်ကားလျက်ရှိနေပါတယ်။

မြေပြန့်ဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့စိန်ခေါ်မှု နှင့် စစ်ကောင်စီ၏ အာဏာသိမ်းမှု တို့ကြောင့် ပြည်သူအများက ကလေးသူငယ်များရဲ့ ကျောင်းအပ်နှံရေးကို လက်တွန့်နေကြတာဖြစ်ပါတယ်။ CDM ပါဝင်သဖြင့် တာဝန်မှရပ်ဆိုင်းခံရသူ၊ ထုတ်ပေးခံရသူ ဆရာ/မဦးရေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်သိန်းကျော်ရှိနေပါတယ်။