News

ပူတာအိုမှာ တိုက်ပွဲ ဆက်ဖြစ်နေဆဲ

By TheLisuTimes

May 29, 2021

မေလ ၂၉ မနက်ပိုင်းအချိန် ပူတာအိုကနေ မြစ်ကြီးနားဘက် ဆင်းလာတဲ့ စစ်ကားနှစ်စီးကို ကေအိုင်အေက ဖတ်မာရွာအနီးကြားဖြတ် တိုက်ခိုက်ခဲ့ပြီးနောက်၊ ညနေ ၃ နာရီအချိန်မှာလည်း ထိတွေ့တိုက်ပွဲ ဆက်ရှိနေတယ်လို့ သတင်းရပါတယ်။

“မနက်ပိုင်းဖြစ်တာက ရွာအနီးမှာ အသံတွေ တစ်ဒုံးဒုံးနဲ့ အကျယ်ကြီးပဲ။ မိနစ် ၂၀ ကျော်ကြာတယ်။ ပြီးတော့ငြိမ်သွားတယ်။ ညနေပိုင်းမှာလည်း အသံထပ်ကြားရတယ်။ ရွာသားတွေကတော့ အဲ့ဘက် မထွက်ရဲကြဘူး။ စစ်ကားတွေ မီးလောင်နေတယ်လို့ပြောတယ်။“ လို့ ဖတ်မာ ရွာသားတစ်ဦးက ပြောပြပါတယ်။

ညနေ ၄ နာရီမှာ တိုက်လေယာဉ် ၂ စင်းပူတာအိုဘက် တက်သွားတယ်လို့ မြစ်ကြီးနား လေတပ်ဌာနချုပ်ဘေးနေထိုင်သူများက အတည်ပြုပါတယ်။

မေ ၂၈ ရက်နေ့ မနက် ၁ နာရီမှာ စစ်ကောင်စီတပ်ရင်း (၄၆) ဗျူဟာတပ်သို့ ကေအိုင်အေမှ အဝေးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။