Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
ပူတာအိုမြို့မဇာတိ၊ ယူအက်စ်အေမှာ မဟာဘွဲ့အထိတက်ရောက်ပြီးခဲ့တဲ့ နောဆီတား နှင့် စကားစမြည် …

Education

ပူတာအိုမြို့မဇာတိ၊ ယူအက်စ်အေမှာ မဟာဘွဲ့အထိတက်ရောက်ပြီးခဲ့တဲ့ နောဆီတား နှင့် စကားစမြည် …

By TheLisuTimes

May 28, 2021

“real people, real stories for real impacts – တကယ့်သက်ရောက်မှုတွေအတွက် တကယ့်လူ၊ တကယ့်ဘဝဇာတ်ကြောင်းတွေ” အစီအစဉ်မှာ ပူတာအိုမြို့မဇာတိ၊ ယူအက်စ်အေမှာ မဟာဘွဲ့အထိတက်ရောက်ပြီးခဲ့တဲ့ နောဆီတား အကြောင်း တင်ဆက်လိုက်ပါတယ်။

စာဖတ်သူတွေကို မိတ်ဆက်ပေးပါဦး။

ကျွန်တော့်နာမည်က နောဆီတား ဖြစ်ပါတယ်။ ကျွန်တော့်မွေးဖွားရာ ဇာတိက ပူတာအိုမြို့၊ မြို့မ မှာ ဖြစ်ပြီး မြစ်ကြီးနားမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ ၂၀၀၆-၂၀၁၀ ခုနှစ်မှာ မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ် တက်ရောက်ခဲ့ပြီး B.C.Sc. ဘွဲ့ရရှိခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန်ပြည် Crossroads College (Rochester, Minnesota) မှာ Youth, Family and Community မေဂျာကို (၃)နှစ် လေ့လာခဲ့တယ်။ Crown College (St. Bonifacius, Minnesota) မှာ နောက်ဆုံးနှစ်တက်ရောက်ခဲ့ပြီး B.Sc. (Christian Studies) နဲ့ ၂၀၁၆ မှာပြီးခဲ့တယ်။ ၂၀၁၇ မှာ Master Degree ကို ဆက်တက်ဖို့ Lincoln Christian University (Lincoln, Illinois) ကိုလျှောက်ပြီး ၂၀၁၇-၂၀၂၁ အထိ တက်ရောက်ခဲ့တယ်။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် မေလ ၈ရက်မှာ ကျောင်းပြီးပြီး M.Div., (Philosophy and Apologetics) ဘွဲ့ကိုရရှိခဲ့တယ်။

ခုလိုပညာတော်သင်တစ်ယောက်ဖြစ်လာအောင် ဘယ်လိုကြိုးစားလာခဲ့ရပါသလဲ။

အမေရိကန်ပြည်ကိုကျောင်းလာတက်ဖို့အတွက် အရင်ဆုံး English စာကို လေ့လာခဲ့တယ်။ ၂၀၁၁-၂၀၁၂ မှာ English speaking class နဲ့ TOEFL class ကို Yangon မှာ ၁ နှစ်ကျော်လောက် တက်ရောက်လေ့လာပြီး TOEFL အမှတ်ရပြီဆိုတာနဲ့ အမှတ်မီတဲ့ကျောင်းကောလိပ်ကိုလျှောက်ခဲ့တယ်။

အနောက်တိုင်းပညာရေးပုံစံ အကြောင်း သိရသလောက် ပြောပြလို့ရမလား။

အနောက်တိုင်းပညာရေးပုံစံနဲ့ မြန်မာပြည် ပညာရေးပုံစံ ကွာခြားချက်တွေ့ရှိရတယ်။ မြန်မာပြည်တုန်းက ကျောင်းစာတွေဆိုရင် အလွတ်ကျက်မှတ်ဖြေပြီး အောင်ခဲ့တယ်။ အနောက်တိုင်းပညာရေးပုံစံက Class discussion တွေလုပ်ရတယ်၊ Reading report တင်ရတယ်။ နောက် research paper တွေရေးရတယ်။ အလွတ်ကျက်ရတဲ့အပိုင်းကအလွန်နည်းတယ်။ ဒါပေမယ့် လက်တွေ့လုပ်ရတာများတော့ ကိုယ်လုပ်ခဲ့တာ ပိုပြီးမှတ်မိတယ်။ အချိန်မရွေး ပြန်ဆွေးနွေးလို့ရတယ်။ ရေရှည်အကျိုးပြုတာတွေ့ရပါတယ်။

မြန်မာပြည်ပြန်ရောက်ရင် ဘာတွေလုပ်ဖြစ်ဖို့ စိတ်ကူးထားပါသလဲ။

ယူအက်စ်မှာ ကျမ်းစာကျောင်းလာတက်တယ်ဆိုတော့ မြန်မာပြည်ပြန်ရောက်ရင် အမှုတော်ဆောင်ဖို့အစီစဉ်ရှိပါတယ်။ အသင်းတော်ရဲ့ လူငယ်ရေးရာတွေမှာ ကြိုးစားဆက်ကပ်ချင်ပါတယ်။

ယူအက်စ်မှာ အိမ်အလွမ်းတွေကို ဘယ်လိုဖြေရပါသလဲ။

မြန်မာပြည်က ဆွေမျိုးမိဘတွေကိုလွမ်းပါတယ်။ မိဘတွေကိုသတိရတိုင်း Facebook messenger နဲ့ဖုန်းခေါ်ဖြစ်ပါတယ်။ နောက်ပြီး နွေရာသီကျောင်းပိတ်ရက်တွေမှာ Texas State ကို သွားပြီး မောင်နှမဝမ်းကွဲတွေ၊ လီဆူဆွေမျိုးတွေဆီ သွားတွေ့ဖြစ်တယ်။

ယူအက်စ်မှာ ကျောင်းလာတက်ချင်တဲ့ လူငယ်တွေကို ဘာများပြောပြချင်ပါသလဲ။

အခုဆိုတို့ Lisu လူမျိုးတွေ US မှတော်တော်များများရောက်ရှိနေပြီဖြစ်လို့ ကျောင်းတွေလျှောက်ရင် တို့လူမျိုးတွေနေထိုင်တဲ့ မြို့တို့၊ ပြည်နယ်တို့ အနီးနားမှာဘဲ ကျောင်းတက်ဖို့ ကျောင်းလျှောက်ပြီးတက်ကြဖို့တိုက်တွန်းချင်ပါတယ်။ ဒို့လီဆူလူမျိုးတွေကအလွန် ရိုင်းပင်းကူညီပေးတတ်ကြပါတယ်။

စာဖတ်သူတွေကို ဘာများ ထပ်ပြောပြချင်ပါသေးသလဲ။

ဒို့လီဆူ လူငယ်မောင်မယ်များ လီဆူလူမျိုးတိုးတက်အောင်မြင်ဖို့ ဇွဲ၊ လုံလ၊ ဝီရိယ အားမလျော့ဘဲ ဆက်လက်ကြိုးစားကြပါ။ စာတွေများများဖတ်ကြပါ။ စာတွေကြိုးစားကြပါ။ အခွင့်အလမ်းတွေ၊ နည်းလမ်းတွေ ဆက်လက် ရှာဖွေပြီး အလုပ်တွေ များများလုပ်ကြပါလို့အားပေးချင်ပါတယ်။