News

ပန်းပျိုးသော လက်ကို ခွေးကိုက်လေပြီ

By TheLisuTimes

February 19, 2021

Feb 19 ရက် မနက် ၈ နာရီ ၄၅ မိနစ် ခန့်တွင် CDM လှုပ်ရှားနေသော ပညာရေးဝန်ထမ်း ဆရာမ နှစ်ဦးအား မြစ်ကြီးနာ ပညာ ရေး ကောလိပ် ရှေ့မှ ရဲ တပ်သားများက လူမဆန်စွာ ရိုက်နက် ဖမ်းဆီးခေါဆောင်သွားခဲ့ကြောင်း အားလုံး ကြားသိခဲ့ရပြီ။ အရိုက်ခံထားရတဲ့ ဆရာမလေးနှစ်ယောက်က အညိုမဲစွဲအောင် ရိုက်ခံထားရပြီး၊ လက်ကျိုးသွားပါတယ်။

ဆရာမ လေး နှစ်ယောက်က

Day 19, Myitkyina

မရိုက်ပါနဲ့ ကျွန်မတို့အဖမ်းခံပါ့မယ်လို့ပြောတာကို တုတ်နဲ့အတင်းရိုက်လို့ လက်ကျိုးတဲ့အခြေအနေထိဖြစ်သွားခဲ့ ရပါတယ်။ ဆရာမရဲ့ကျောနဲ့ခါးတွေမှာ တုတ်နဲ့ရိုက်လို့ဒဏ်ရာ တွေရသွားခဲ့တာပါ။

ဆရာမလေးတွေကို ဖမ်းအပြီးမှာ မြို့ထဲမှာ ပတ်ပြီး ရပ်ကြည့်နေတဲ့သူ၊ ဆိုင်မှာထိုင်နေတဲ့သူ၊ ဘာဖြစ်တာလဲ ဆိုပြီး ထွက်ကြည့်တဲ့သူတွေကို လေးဂွနဲ့ ပစ်တာတွေ ဖုန်းကင်မယာ ဝင်လု တာတွေ ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ယနေ့ မိန်းကလေး ၉ ယောက်၊ ယောက်ျားလေး ၁ ယောက်၊ အသက်မပြည့်သေးတဲ့ကလေး ၂ ယောက်၊ စုစုပေါင်း ၁၄ ယောက် ကို ဖမ်းပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို ခေါ်သွားခဲ့ ကြောင်း သိရှိရပါတယ်။

ဖမ်းဆီးထားခံရတဲ့ ဆရာမ နှစ်ဦးနှင့် ပြည်သူတွေကို တစ်နေကုန် ရေမတိုက် အစားအစာ မကြွေး ဘဲ ထားထားခဲ့ပါတယ်။ လက်ဆစ်မှာ ရိုက်မိလို့ လက်ဆစ်ယောင်နေတဲ့ ဆရာမလေး ကိုတောင် ဆေးခန်းပို့ပေးစရာ ကြောင်း ဆေးလိမ်း ပြီး စည်းပေးဖို့သာ ပြောတယ်ဟု သတင်းကြားမိပါတယ်။

ညနေ ပိုင်း ပြန်လွှတ်ဖို့ အတွက် အမှတ် ၁ ရဲစခန်းကို ခေါ်လာတဲ့အခါမှ မီဒီယာတွေ လာမှာမို့ ရေနဲ့ အချို ရည်များ ပေး ကြောင်း သိရပါတယ်.. ခံဝန်ထိုးခိုင်းပြီး နောက်တစ်ခါ ဖမ်းမိပါက လွှတ်မည် မဟု​တ် ဟု ပြောလိုက်ကြောင်း သိရပါတယ်။ ရက်စက်ချက်ကတော့ ကမ်းကုန်ပါဘဲ။

အို….ရက်စက် လိုက်တာ……ပန်းပျိုးတဲ့…. ကလေးတွေ ရဲ့ အနာဂတ်ကို လမ်းညွန်ပေးသော သူ တွေရဲ့ လက်ကို ခွေးကိုက်လေပြီ…………