Culture

နွေဦးတော်လှန်ရေး သံချပ်များ စုစည်းမှု

By TheLisuTimes

March 13, 2021

မြန်မာ့ယဉ်ကျေးမှုမှာ သံချပ်ဟာ ခေတ်အခြေအနေ အဖြစ်မှန်တွေကိုဖော်ပြဖို့၊ ခေတ်ကိုသရော်ဖို့၊ လူထုဆန္ဒထုတ်ဖော်ပြဖို့ အနုပညာတစ်ရပ် ဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ထွက်ပေါ်လာတဲ့ သံချပ်တွေကတော့ မြို့နယ်အလိုက်၊ လူထုလူတန်းစားအလိုက် သူတို့ရဲ့ ဘဝနဲ့ဆန္ဒသဘောထားကို ဖော်ပြနေပါတယ်။နွေဦးဟာ လေရူးတိုက်ချိန်။ နွေဦးဟာ အာဏာရူးမြူးတူးချိန်။ နွေဦးမှာ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အချိန်။ နွေဦးဟာ ရင်နာစရာတွေ ရှိတဲ့အချိန်။ ဒါပေမယ့် နွေဦးဟာ ပြည်သူတွေ ညီတဲ့အချိန်၊ တကယ်ပဲ မျှော်လင့်ချက် ပြည့်ဝတဲ့အချိန်လည်းဖြစ်နေပါတယ်။နောင်အရှည်အထိ အမှတ်တရဖြစ်စေဖို့ မြန်မာ့နွေဦး တော်လှန်ရေး သံချပ်တွေကို စုစည်းလိုက်ပါတယ်။ မူရင်း ရေးသားသူတွေကိုလည်း ကျေးဇူးတင်ပါကြောင်း တစ်ပါတည်း ဖော်ပြလိုက်ပါတယ်။ ===အရေးတော်ပုံ ( အောင်ရမည်)ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ (ညီတယ်ဟေ့)စစ်အာဏာရှင် ကျဆုံးရေး (ဒို့အရေး)ဒီမိုကရေစီ ရရှိရေး (ဒို့အရေး)အမေစုနဲ့ ခေါင်းဆောင်များ (ချက်ချင်းလွှတ်)သမ္မတကြီးနဲ့ ခေါင်းဆောင်များ (ချက်ချင်းလွှတ်)ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ( ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး)စစ်လက်နက်တွေ ဝယ်ထားတာ ( ပြည်သူတွေကို ပစ်သတ်ဖို့လား)စစ်အာဏာရှင် အပေါင်းပါများ (အလိုမရှိ)လုယူထားတဲ့ ဒို့နိုင်ငံ ဒို့ပြည်သူကို ( ပြန်ပေး) ===စစ်သားလက်နက် ရဲသေနတ်ဟာ ( ပြည်သူတွေကို ပစ်ဖို့မဟုတ်ဘူး)ဗိုလ်ချုပ်ရေးတဲ့ သမိုင်းတွေ (ဂျပုဖျက်လို့ ကုန်ပြီလေ)တပ်မတော်သားတွေ သေပွဲဝင် (ဗိုလ်ချုပ်တို့က ဇိမ်ခံနေ)တပ်မတော်ဘက်က အမှန်တရား ( ပြည်သူတွေကို အလေးထား)ဘယ်ပါတီကို မဲပေးခဲ့လဲ (အန်အဲလ်ဒီကို မဲပေးခဲ့တယ်)ဒို့ပြည်သူရဲ့ပါတီက ( ပြည်သူသာလျှင် အဓိက)ကိုဗစ်ကြောက်လို့ အိမ်မှာနေ (လမ်းပေါ်ခေါ်တာ ဂျပုတွေ)စစ်အာဏာရှင်တစ်သိုက်ဟာ (ကိုဗစ်ထက်တောင် ဆိုးညစ်ယုတ်မာ)အာဏရူးတဲ့ ဘဘရယ် (အာဏာသိမ်းလို့ ရုပ်မရွှင်ပါဘူး)မိတ်ကပ်လိမ်းတဲ့ မမရယ် (အာဏာသိမ်းလို့ ရုပ်မရွှင်ပါဘူး)ဒီမိုကရေစီအရေးမှာ (နင်ဟာ ဒဿလုပ်နေတာ)ငါတို့မုန်းတာ အာဏာရှင်ပဲ (လူစဉ်မီအောင်လုပ်ပါကွယ်)အနာဂတ်မှာ ပြည်သူတွေ (မုချဧကန် အောင်ပါစေ)စစ်အာဏာက ရုန်းထွက်ကာ ( အောင်နိုင်စေသား အောင်စေသား)ငြိမ်းချမ်းရေးအတွက် ခေါင်းကိုင်မိခင် (အမေစုအမေစု)ပန်းတစ်ပွင့်ပန် ဒေါက်ဖိနပ်လျှောက်တာ (အမေစု အမေစု)ဒို့နိုင်ငံရဲ့ ကြယ်ဖြူတစ်လုံး (အမေစု)ငါတို့ခေါင်းဆောင် ဘယ်သူတုံးဟေ့ (အမေစု)မင်းတို့ပြောတော့ မဲခိုးတာဆို ( ပြည်သူတွေကို ထွက်ကြည့်ပါဦး)မင်းတို့ပြောတော့ မဲခိုးတာဆို ( အပေါ်မှာ မနေနဲ့ အောက်ဆင်းကြည့်)ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ (ညီတယ်ဟေ့)ငါတို့သမ္မတက ဘယ်သူတဲ့လဲ (ဦးဝင်းမြင့်)ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များ (ချက်ချင်းလွှတ်)===တစ်နိုင်ငံလုံး ထွက်ကုန်ပြီ (တို့ဝန်ထမ်းတွေ ငြိမ် မနေနဲ့) ရုံးမသွားနဲ့ ဝန်ထမ်းတွေ (အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့)အလုပ်မသွားနဲ့ ဝန်ထမ်းတွေ ( ပြည်သူတွေက ကျွေးထားမှာဗျ)အာဏာရှင်ကို ဖြုတ်ဖို့ရာ (ဝန်ထမ်းတွေက အဓိကပါပဲ)အရေးတော်ပုံကြီး အောင်ဖို့အရေး (ဝန်ထမ်းအားလုံး ပါဝင်ပေး)တို့ပြည်သူတွေ ညီရဲ့လားဟေ့ (ညီတယ်ဟေ့ ညီတယ်ဟေ့)အမေပေးတဲ့ နှစ်လစာ (ယူသူရှိရင် ထွက်ခဲ့ထွက်ခဲ့)မဲခိုးတယ်ပြောတဲ့ မအလ (ဒီလူထုကိုထွက်ကြည့်ပါအုံး) ===တို့ပြည်သူတွေညီရဲ့လားဟေ့ (ညီတယ်ဟေ့ ညီတယ်ဟေ့) ဒီမိုကရေစီရရှိရေး (တို့အရေး တို့အရေး) ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး (တို့အရေး တို့အရေး) ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေး (တို့အရေး တို့အရေး)ငါတို့ ညတွေ ( ငါတို့ ပြန်ပေး )ဘယ်သူတွေက အနိုင်ရမှာလဲ ( ပြည်သူတွေပဲ အနိုင်ရမယ် ) တို့ပြည်သူတွေဘာလုပ်နေလဲ (ငြိမ်းချမ်းစွာနဲ့ဆန္ဒပြတယ်)အကြမ်းဖက်ရင်ဘာလုပ်ကြမလဲ ( လုံခြုံရေးအတွက် ပြန်ခုခံမယ်)ရဲဘော်ဂျိုင်းထောက် (အရာရှိ တိုက်ဆောက်) မင်းအောင်လှိုင်က ထွက်ပြေးနေပြီ (မင်းတို့တွေက ထောင်ကျ ခံမလား)အရေးတော်ပုံ (အောင်ရမည်) ဖိရင်ကြွမယ် (ထိရင်ချမယ်)===” သူရဲကောင်းများသို့ ” (သံချပ်)စစ်အာဏာရှင် ဆန့်ကျင်ရေး (တာဝန်တစ်ခု သမိုင်းပေး)လူတန်းစားစုံ ပြည်သူများ (စည်းလုံးညီညာ ကြိုးစားထား…)(ကြိုးစားထား ဟေး ကြိုးစားထား)သမိုင်းစဉ်လာ အလေ့ထ (အာဏာရှင်ကို တော်လှန်ကြ)ပြည်သူရှေ့က ရပ်တည်ပေး (ကျန်းမာရေး ဟေ့ ကျန်းမာရေး…)(ကျန်းမာရေး ဟေ့ ကျန်းမာရေး…)ပညာရေးက မြတ်ဆရာ (တပည့်များတွက် စေတနာ)အနာဂတ်ပန်း လှပရေး (ကိုယ်ကျိုးမငဲ့ ကြိုးစားပေး)(ပညာရေး ဟေ့ ပညာရေး)ခက်ခဲကြားက ပူးပေါင်းလာ (လူပီသတဲ့ ဝန်ထမ်းပါ)အလုပ်ပြုတ်လည်း ဂုဏ်မနွမ်း ( ထွေအုပ်ရုံးက တို့ဝန်ထမ်း…)(တို့ဝန်ထမ်း ဟေ့ တို့ဝန်ထမ်း)တောင်သူများတွက် လာပူးပေါင်း (သမိုင်းမရိုင်း ရှိခဲ့ကြောင်း)စိုက်ပျိုးရေးက ဝန်ထမ်းကောင်း…(ဝန်ထမ်းကောင်း ဟေ့ ဝန်ထမ်းကောင်း)CDM မှာ ပါဝင်ထား (ဝန်ထမ်းအားလုံး တို့လေးစား…)(အားတင်းထား ဟေ့ အားတင်းထား)ဧရာဝတီ ကမ္ဘောဇ (ဘဏ်ဝန်ထမ်းတို့ အားမာန်ပြ)အာဏာရှင်ကို တွန်းလှန်ကြ (ဒို့အားရ ဟေး ဒို့အားရ)ပရဟိတ အဖွဲ့များ (အများတွက်ဆို အသက်ပေးထား)ပြည်သူရှေ့က ချီတက်ပြ (အရေးကြောင်းဆို ထိပ်ဆုံးက)(ထိပ်ဆုံးက ဟေ့ ထိပ်ဆုံးက)Gen Z ခေါ်တဲ့ ခေတ်လူငယ် (ကျိုးကြောင်းဆီလျော် ပညာကြွယ်)နည်းပေါင်းစုံနဲ့ တော်လှန်ပြ (အာဏာရှင်တို့ လက်မှိုင်ချ…)(လက်မှိုင်ချ ဟေး လက်မှိုင်ချ)အရွယ်သုံးပါး တွဲလက်ညီ ( ပြည်သူအများ အားမာန်ချီ)မနိုင်မချင်း တိုက်ကြမည် (တိုက်ကြမည် ဟေး တိုက်ကြမည်)စစ်အာဏာရှင် လူမိုက်ရိုင်း (လက်နက်အားကိုး အာဏာသိမ်း)ပြည်သူ့အာဏာ ပြန်ရကြောင်း (ပါဝင်သူတိုင်း သူရဲကောင်း)(သူရဲကောင်း ဟေ့ သူရဲကောင်း)=== တွဲတိုင်းမှာ စက်ခေါင်းပါတယ်။ Each carriage is fitted with its own engine.Keep your professional pride intact. Do not work under dictators.ပညာမာန ရှိကြပါ။အာဏာရှင် လက်အောက် အလုပ်မလုပ်ပါနဲ့။“There can be no tyrants where there are no slaves.”“ကျွန်လို လုပ်မယ့်သူမရှိရင် အာဏာရှင်ဆိုတာလည်း မရှိနိုင်ပါဘူး။”“မတရားတဲ့ အမိန့် အာဏာ မှန်သမျှ တာဝန်အရ ဖီဆန်ကြပါ။”It’s our bounden duty to defy every unjust order and authority.The Myanmar junta must stand down right now. မြန်မာအာဏာသိမ်း စစ်အစိုးရ ချက်ချင်းဆင်းပါ.******************************************************WE ARE UNITY!WE MUST BEAT THEM!DO NOT WORK UNDER DICTATOR. STRIKE! STRIKE! STRIKE! STRIKE!NO TYRANTS, NO SLAVESCDM IS THE BEST, BESTDEFY DEFY. ..UNJUST COUPFKING JUNTA, FKING JUNTAMUST STAND DOWNMUST STAND DOWNSTOP ARRESTING OUR LEADER!RELEASE NOWRELEASE NOW=== ခေတ်ကိုပြောင်းရန် ခေါင်းကိုပစ် (ပစ်သမျှကျည်ဆန် မင်းပြန်မှန်)အသာဖွင့်မရ ကန်ဖွင့်ချ (တံခါးလည်းပွင့် မင်းလဲလွင့်)မြန်ကိုပိုင်ရန် မန်းကိုကိုင် (မနိုင်စေသား မင်းရှုံးသွား)အမှုလည်းရှုံး အာဏာဆုံး (တပ်ပျက် ဘဝပျက် မင်းနိဂုံး)။===စစ်သားသေနတ်ရဲသေနတ်ဟာ ( ကျောင်းသားပြည်သူသတ်ဖို့မဟုတ်ဘူး)2ဗိုလ်ချုပ်ကျေးဇူးပြန်ဆပ်တာ (ဗိုလ်ချုပ်သမီးကိုဖမ်းဖို့မဟုတ်ဘူး)2ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ (တိုင်းပြည်အာဏာသိမ်းဖို့မဟုတ်ဘူး)2ပြည်သူ့ရဲတွေဘာလုပ်နေလဲ (အာဏာရူးကိုကာကွယ်နေတယ်)2ပြည်သူ့ရဲတွေဘာလုပ်ရမလဲ ( ပြည်သူတွေကိုကာကွယ်ရမယ်)2ပြည်သူ့စစ်သားဘာလုပ်နေလဲ (အာဏာရူးကိုကာကွယ်နေတယ်)2ပြည်သူ့စစ်သားဘာလုပ်ရမလဲ ( ပြည်သူတွေကိုကာကွယ်ရမယ်)2ဘယ်သူ့ဝန်ထမ်း ( ပြည်သူ့ဝန်ထမ်း)2ဘယ်သူ့တွက်လဲ ( ပြည်သူ့အတွက်ပဲ)လူငယ်တွေတောင်လမ်းပေါ်ထွက်ပြီး (ခင်ဗျားတို့ကရုံးတက်တုန်းလား)2ဘုရားရားငွေနဲ့ပေးမယ့်လစာ (ယူရဲလား)2ဘုရားငွေနဲ့ရုံးတက်ရမှာ (မကြောက်ဖူးလား)2တို့ဝန်ထမ်းတွေကံကြီးထိုက်မယ် (CDM မှာပါဝင်လိုက်ကြ)2ရုံးတက်နေတဲ့ချေလှမ်းတိုင်းဟာ (တို့အနာဂတ်ကိုရိုက်ချိုးတာပဲ)2မင်းတို့လုပ်တဲ့အလုပ်တွေက (ကျည်ဆံဖိုးတော့မဖြစ်စေနဲ့)2ရုံးမတက်နဲ့ရုန်းထွက် (ရုန်းထွက်)2ဒီမိုကရေစီဖော်ဆောင်မယ်ဆို (အင်တာနတ်တွေခိုးမပိတ်နဲ့)2သတင်းတုတွေကြော်ငြာနေသည် (MRTV )2သတင်းအမှောင်ချနေသည် ( မြဝတီ)288 ကအချိုးမျိုးနဲ့ (21 မှာလာမချိုးနဲ့)ပင်လယ်စာတွေပို့လိုက်တယ်ဆို (မရှက်ဖူးလား)2we want (Democracy)2we need (justice)2Respect (Our Votes)Reject (Military)2No more killing 2Shame on you (China , Russia)2008 ခြေဥဖျက်သိမ်းရေး (ဒို့အရေး)2ဒီမိုကရေစီရရှိရေး (ဒို့အရေး)2အာဏာရှင်စနစ်ကျဆုံးရေး (ဒို့အရေး)2သပိတ်သပိတ် ( မှောက်မှောက်)2အရေးတော်ပုံ ( အောင်ရမည်)2===CDM သံချပ်စီဒီအမ်မှာ ပါဝင်ရေး (ဒို့အရေး၊ ဒို့အရေး)စစ်အာဏာရှင် ကျဆုံးရေး (စီဒီအမ်မှာ ပါဝင်ပေး)ဒီမိုကရေစီ ရရှိရေး (စီဒီအမ်မှာ ပါဝင်ပေး)ရုံးမတက်နဲ့ ရုံးမတက်နဲ့ (ရုန်းထွက်၊ ရုန်းထွက်)ကျွန်တော်တို့က လူငယ်တွေပါ (ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်)ကျွန်တော်တို့လည်း ကျောင်းမသွားဘူး (ခင်ဗျားတို့လည်း ရုံးမတက်နဲ့)အာဏာရှင်တွေ အမြစ်ပြုတ်သွားအောင် (စီဒီအမ်ကို လုပ်မှလုပ်မှ)လူငယ်တွေက လမ်းထွက်နေပြီ (မင်းတို့တွေက ရုံးတက်တုန်းလား)ရုံးကိုသွားတဲ့ ခြေလှမ်းတွေ (ဒို့အနာဂတ်ကို ချနင်းသလိုပဲ)ဒို့ပြည်သူတွေ သွေးမြေကျရင် (တရားခံဟာ ရုံးတက်သူပဲ)ခင်ဗျားတို့ လုပ်တဲ့လုပ်အားတွေ (ကျည်ဆန်ဖိုးတော့ မဖြစ်စေနဲ့)သပိတ်သပိတ် ( မှောက်၊ မှောက်)ရုံးတက်နေတဲ့ ဝန်ထမ်းတွေ (အာဏာရှင်ကို ထောက်ခံတာလား)ဖိအားပေးတဲ့ လူကြီးတွေ (အာဏာရှင်ကို ကြောက်နေတာလား)နိုင်ငံ့ဝန်ထမ်း ညီညွှတ်နေရင် (အာဏာရှင်တွေ ကျရှုံးမှာပဲ)ဘာလိုချင်လဲ (ဒီမိုကရေစီ)ဘယ်သူ့အတွက်လဲ ( နောင်မျိုးဆက်တွေအတွက်)ပြည်သူ့အာဏာ ( ပြည်သူ့ပြန်ပေး)PPE ထဲကငါတို့ချွေးတွေ (အာဏာရှင်အတွက် အဆိပ်ဖြစ်ပါစေ)ကိုဗစ်ကိုတောင် မကြောက်တာ (အာဏာရှင်ကို ကြောက်ရမှာလား)ဘာပျက်နေလဲ (တပ်ပျက်နေတယ်)ဘာပျက်ဘာပျက် (တပ်ပျက် တပ်ပျက်)အရေးတော်ပုံ ( အောင်ရမည်) ===ဘုရားငွေနဲ့ ပေးမယ့်လစာ (ယူရဲလား ယူရဲလား)ဘုရားငွေနဲ့ ရုံးတက်ရမှာ (မကြောက်ဘူးလား၊ မကြောက်ဘူးလား)ဒို့ဝန်ထမ်းတွေ ကံကြီးထိုက်မယ် (စီဒီအမ်မှာ ပါဝင်လိုက်ကြ)===စနစ်ဆိုး သံချပ်အာဏာရှင်စနစ်ဆိုး ( နောက်မျိုးဆက်ထိ အပါမခံဘူးဟေ့)လက်နက်အားကိုး မိစ္ဆာမျိုး (သံပုံးတီးကာ နှင်ကြနှင်ကြ)အာဏာရူးမှု အကြောင်းပြု (မကောင်းမှုအကုန် လုပ်ပြီလေ)နှိပ်စက်ရတာ မဝသေးဘူးလား ( ပြည်သူ့သွေးနဲ့ ခြေဆေးဦးမလို့လား)အမုန်းနဲ့ ကျိန်တဲ့ သစ္စာစကား (အမြန်ကျရှုံးပါစေသား)===(၁၉) မဲနဲ့ ခုံတက်ထိုင် (အဲဒါ သက်သက်ခိုင်)စစ်တပ်ယန္တရား ပျက်ပြားအောင် (ဝန်ထမ်းတွေက လမ်းပြဆောင်)ရုံးတက်နေဆဲ ဝန်ထမ်းများ (ရှက်ကြောလေးတွေ ပျက်သွားပြီလား)စီဒီအမ်နဲ့ အပြုတ်တိုက်ရေး (ဝန်ထမ်းအားလုံး ပူးပေါင်းပေး)ပုန်ကုန်သူအောက်မှာ အလုပ်လုပ်ရင် (ကိုယ်လည်းသူ့လို သူပုန်ပဲ)၅၀၀၀ စားတွေပါရဲ့လားဟေ့ (မပါဘူးဟေ့၊ မပါဘူးဟေ့)ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ( ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး)ပုချင်ပု (မလုနဲ့)ဂျပုဂျပု (ထုထု)သပိတ်သပိတ် ( မှောက် မှောက်)===ပုကျွန်မခံ သံချပ်ဘုရားငွေအား ချေးငှားသူ ခွေးသားလဒူ တပ်မတော်ကြီးဥပဒေအတိုင်းသူလုပ်တာ (လူယုတ်မာဟာ စစ်တပ်ပဲ)လက်နက်ကိုင်ပြီး ဗြောင်းဆန်နေ (မကောင်းအကြံတွေ ကြံစည်နေကျ)ပြည်သူဘဝနစ်မွန်းအောင် (ညစ်တွန်းကောင်တွေ ယုတ်မာနေတော့)စီဒီအမ်မအား ဖျက်ဆီးလို (တပ်ကြီးဆိုတာ အားလုံးအသိ)ယူအက်စ်ကြောက်တော့ တရုတ်ခေါ် (အပြုတ်ဆော်ဖို့ အားကိုးသူများ)တရုတ်ကပ်ပေါင်း ဖင်ခေါင်းကျယ် ( မြင်မကောင်းတာတွေ လုပ်ပြနေတုန်း)ကျမ်းစာမှာတော့ အမျိုးမျိုးကျိန် (သူခိုးလူလိမ် တယ်တော်ပါလား)လုပ်ချင်တာက ရှင်ဘုရင် (မဆင်မခြင် ခွေးဇာတ်တွေခင်း)ရွှေပလ္လင်နဲ့ သူမတန် (လူမဆန်တဲ့ စရိုက်တွေမို့)အကြမ်းဖက်ဖို့ ဂန်းဆွဲကိုင် (စခန်းထဲထိုင် ပစ်မိန့်တွေပေး)ပြစ်မှုအများ သူ့အလွန် (ပုကျွန်မခံပြီ တော်လှန်ကြစို့)===တစ်နိုင်ငံလုံး ထွက်ကုန်ပြီး (ဒို့ဝန်ထမ်းတွေ ငြိမ်မနေနဲ့)ရုံးမသွားနဲ့ ဝန်ထမ်းတွေ (အိမ်မှာနေပါ ဇိမ်နဲ့ဇိမ်နဲ့)အလုပ်မသွားနဲ့ဝန်ထမ်းတွေ ( ပြည်သူတွေက ကျွေးထားမှာဗျ)အာဏာရှင်ကို ဖြုတ်ဖို့ရာ (ဝန်ထမ်းတွေက အဓိကပါပဲ)အရေးတော်ပုံကြီး အောင်ဖို့အရေး (ဝန်ထမ်းအားလုံးပါဝင်ပေး)ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ (ညီတယ်ဟေ့၊ ညီတယ်ဟေ့)===ဘယ်သူ့ဝန်ထမ်းလဲ ( ပြည်သူ့ဝန်ထမ်း)ဘာတွေလုပ်လဲ ( ပြည်သူကောင်းဖို့)ခုဘာလုပ်မလဲ (ရုံးမတက်ဘဲ ရုံးထွက်ရမယ်)ဘာတွက်ကြောင့်လဲ ( နိုင်ငံအနာဂတ် ဝန်ထမ်းတွေလက်မှာ)ရုံးဆက်တက်ရင် ဘာတွေဖြစ်မလဲ (အာဏာရှင်တို့ သက်ဆိုးရှည်မယ်)ရုံးမတက်လဲ ဘာအရေးလဲ ( ပြည်သူတွေက ကျွေးမယ်ကျွေးမယ်)စီဒီအမ်ကြီး အောင်မြင်နိုင်ဖို့ ( ပြည်သူအားလုံး ဝိုင်းဝန်းကူစို့)သူရဲကောင်းတို့ ရုံးမတက်ဖို့ ( တောင်းပန်ပါတယ်၊ ရှိခိုးပါတယ်)ရုံးမတက်နဲ့ (ရုန်းထွက်၊ ရုန်းထွက်)===အပြစ်မဲ့တဲ့ ပြည်သူကို ( သေနတ်ပြပြီး ခြိမ်းခြောက်တုန်းလား)သေနတ်မပါ လက်ဗလာ ( ပြည်သူတွေနဲ့ one one ထိုးမလား)သေနတ် တကားကားနဲ့ ဆောင့်ကြွားကြွား ( ပြည်သူ့ရဲဆိုတာ ဒါလား၊ ဒါလား)မတရားလား၊ တရားလား မစဉ်းစား (လူသတ်ရတာ သိပ်ပျော်နေလား)တစ်နေ့စူးမယ့် ကျိန်စာတွေ (နင်တို့လွတ်အောင် ရှောင်နိုင်ပါစေ)===