“နိုင်ငံရေးဟာ အမြင်ကျယ်စေတယ်။ အတားအဆီးတွေကို ဖြိုဖျက်ပေးတယ်။ လူတိုင်းကို ပါဝင်ခွင့်ပေးတယ်။ စစ်သားတစ်ယောက် နဲ့ ရှေ့နေတစ်ယောက်ဟာ နိုင်ငံရေးမှာပါဝင်ရင်း နိုင်ငံ့အကျိုးသယ်ပိုးလို့ရတယ်။ ဒါမှမဟုတ် နိုင်ငံ့အကျိုးသယ်ပိုးတယ်ဆိုတာ ဘာလဲဆိုတာနဲ့ပတ်သက်ပြီး သဘောကွဲလွဲနိုင်တယ်။ ဒါမှမဟတ်ု ကိုယ်မှန်တယ်ထင်တာတွေအတွက် အသက်ကိုတောင် မငဲ့ဘဲ တိုက်ခိုက်နိုင်တယ်။ စစ်သားဖြစ်ဖြစ်၊ ရှေ့နေဖြစ်ဖြစ်၊ မင်းညီမင်းသားပဲဖြစ်ဖြစ်၊ သာမန်အရပ်သားပဲဖြစ်ဖြစ်၊ နိုငငံရေးဟာ လူတိုင်းကို ခြားနားခွင့်၊ ကိုယ်ပိုင်ယုံကြည်ခွင့် ပေးတယ်။ နိုင်ငံရေးဟာ လူမှုဘ၀ တိုးတက်မှုလဲဟုတ်တယ်။ ယုံကြည်ရာ ခေတ်ပြောင်းလဲမှုလည်းဖြစ်တယ်။ ယဉ်ကျေးမှုလည်းဟုတ်တယ်။ တရားဥပဒေလည်းဟုတ်တယ်။ ဒါကြောင့် သိပ်ကို ကောင်းတယ်လို့ အချို့က မှတ်ချက် ပြုကြတယ်။ဒါပေမယ့် အချို့ကတော့ နိုင်ငံရေးဟာ ညစ်ပတ်တဲ့အလုပ်လို့ ပြောလိမ့်မယ်။ ဒီအမြင်နှစ်ခုစလုံးဘက်က ချေပစရာတွေ၊ သက်သေတွေအများကြီး ရှိပါတယ်။ နိုင်ငံရေးဟာ လူတွေကို မြင့်မြတ်စေတယ်။ ကိုယ်ကျင့်တရားကို ပျက်စီးစေတယ်။ နိုင်ငံရေးဟာ မြင့်မားတဲ့ စိတ်ကူးအယူအဆတွေနဲ့ စိတ်ကို တက်ကြွစေတယ်။ ကိုယ့်ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ ဒါမှမဟုတ် ကိုယ့်ဘဝကို ကိုယ်တိုင် ဖန်တီးနိုင်ဖို့ လွတ်လပ်မှုနှင့် အခွင့်အလမ်းတွေပေးတယ်။ နိုင်ငံရေးဟာ ညီအစ်ကိုချင်းကိုတောင် မဟုတ်ဘဲ၊ သားအဖချင်းကိုတောင် ရန်သူဖြစ်စေနိုင်တယ်။ နိုင်ငံရေးကြောင့် လူသတ်မှုတွေ ဖြစ်ခဲ့သလို၊ လူသားတွေအတွက် မြင့်မြတ်ပြီး ချီးကျူးစရာ ကောင်းတဲ့အလုပ်တွေ အများကြီးပြီးစီးစေတယ်။ နိုင်ငံရေးကြောင့် ခိုင်မြဲတဲ့ ရင်းနှီးမှုတွေ ရခဲ့သလို … သူငယ်ချင်းတွေ၊ ငွေတွေ၊ လွတ်လပ်မှုတွေ တင်မကဘဲ အသက်တောင် ဆုံးရှုံးသွားနိုင်တယ်။” (ကူခရစ်ပရာမို့ချ် ရေးတဲ့ Four Reigns-မင်းဆက်လေးဆက် ဝတ္ထုထဲက အော့တ် ၏ပြောစကားကို ကောက်နှုတ်ပြန်ဆိုသည်)