Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလ ၏ နှစ်သစ်အဖွင့်မိန့်ခွန်း

News

နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလ ၏ နှစ်သစ်အဖွင့်မိန့်ခွန်း

By TheLisuTimes

April 21, 2021

၁။ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံတော်အာဏာအား မတရား သိမ်းပိုက်လိုက်သဖြင့် အခြေခံဥပဒေနှင့် လူထုအစိုးရ ပျက်ပြယ်သွားပြီ ဖြစ်သဖြင့် ကြားကာလအစိုးရ တစ်ရပ်ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ တို့နှင့်အညီ ဖွဲ့စည်းသွားရန် လိုအပ်လာပါသည်။၂။ စစ်အာဏာသိမ်းစဉ်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ အသက်စတေး ခဲ့ရသူများ၊ CDM ဝန်ထမ်းများ၊ စစ်အာဏာရှင်တပ်များ နှင့် စစ်မြေပြင်တွင် လက်တွေ့ တိုက်ပွဲဝင်နေသော ရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံမှုများသည် လောကပါလတရားနှင့် ညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်ရေးတွင် အခြေခံအုတ်မြစ်များ ဖြစ်သည်ဟု မှတ်တမ်းတင်အပ်ပါသည်။၃။ ကြားကာလအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ချမှတ်ထားသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံ (၈) ချက်အား လက်တွေ့ အကောင်အထည်ဖော်ဆောင်မည့် နိုင်ငံရေးခရီးလမ်းမှာ ကြမ်းတမ်းဦးမည် ဖြစ်သည်။ ဤကြားကာလ အစိုးရသည်လည်း တိုက်ပွဲဝင် အစိုးရတစ်ရပ်သာ ဖြစ်သည်။၄။ သို့ဖြစ်ပါ၍ ကြားကာလအစိုးရ၏ အဓိက နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ရပ် ဖြစ်ပါသည်။(၁) ကြားကာလအစိုးရ၏ အစိုးရယန္တရားများအား ပြည်သူလူထုများအတွင်း လက်တွေ့ အမြစ်တွယ်နိုင်ရန် လုပ်ဆောင်ရမည်။(၂) ကြားကာလအစိုးရအား နိုင်ငံတကာမှ အသိအမှတ်ပြုမှုရရန် လုပ်ဆောင်ရမည်။ထိုလုပ်ငန်းစဉ် နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်တပ်မတော် တည်ထောင်ခြင်း၊ သံခင်းတမန်ခင်းနည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာအောင် ဆောင်ရွက်ခြင်း စသည့် အရေးကြီးသော နိုင်ငံရေးကဏ္ဍများအား ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်သည်။၅။ အထူးပြောကြားလိုသည်မှာ ကြီးမားလှသည့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်အနေဖြင့် ရာထူး ဌာနန္တရ ရယူခြင်းမျိုး မဟုတ်ပဲ ခက်ခဲလှသည့် ကြားကာလ နိုင်ငံရေးလမ်းပြမြေပုံပါ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီး ပဋိညာဉ်ပါရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ ဖြစ်သည်ကို အစဉ်သဘောပေါက် ခံယူရန် လိုအပ်ပါသည်။၆။ တာဝန်ထမ်းဆောင်ရမည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ပြည်သူလူထု ခံစားနေ ရသည့် မတရားညဉ်းပန်းနှိပ်စက်မှု၊ ကြောက်ရွံ့ထိတ်လန့်မှု၊ အနာဂတ်၏ မသေချာမရေရာမှု၊ စားဝတ်နေရေးခက်ခဲမှု စသည်တို့ကို လုံခြုံစိတ်ချရသော လူနေမှုဘဝများအဖြစ်သို့ တည်ဆောက်ရန် တာဝန်ရှိသည့် ကြားကာလအစိုးရ ဖြစ်ပါသည်။၇။ နိဂုံးချူပ်ဆိုရမည်ဆိုလျှင် ယခုအချိန်သည် စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးနှင့် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားရင်း နိဂုံးချုပ် အပ်ပါသည်။