News

နန့်စီးအောင်ဂိတ်အနီး ဆီနှင့်ကုန်တင်ကား ၁၀၀ ရပ်ထား

By TheLisuTimes

June 07, 2021

ကချင်ပြည်နယ်အဝင် နန့်စီးအောင်ဂိတ်အနီး ဆီတင်ကားများအပါအဝင် မိုးကာအုပ်ထားသည့် ကုန်တင်ကား ၁၀၀ ကျော် ရပ်နားထားတယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားဒေသမှာ တည်ဆောက်ရေးထက် ဖျက်လိုဖျက်စီးရေးကို အားထည့်လုပ်ဆောင်နေတာကြောင့် ဆီတင်ပို့မှုကို ဒေသခံလက်နက်ကိုင်များက အလေးထားစောင့်ကြည့်ကြတာ ဖြစ်ပါတယ်။ကချင်ပြည်နယ်မှာ PUMA ကုပဏီက လေယာဉ်ဆီတင်ပို့ရန် အခက်အခဲကြောင့် လေယဉ်ဆီ ရောင်းမပေးတော့ဘူးလို့ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ကြေညာခဲ့သလို၊ စစ်ကောင်စီအနေဖြင့် ရေယာဉ်တွေနဲ့ ဆီတင်ပို့ရာမှာလည်း ကြားမှာ ပျောက်ကြားတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။