News

ဒေါ်အောင်ဆန်းစုကြည်အမှုများကို ဇူလိုင်လ မကုန်မီ အပြီးစစ်မည်

By TheLisuTimes

June 08, 2021

ဇွန်လ ၇ ရက်နေ့ နေပြည်တော်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဝင်းမြင့်၊ ဦးမျိုးအောင်တို့ကို ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုငါးခုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးရန် တရားရုံးက သဘောတူထားကြောင်း ၎င်း၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက မီဒီယာသို့ ပြောဆိုလိုက်ပါတယ်။