Technology

ဒေါက်တာ ဇော်ဝေစိုး၏ သတိပေးစာထွက်ပေါ်လာ

By TheLisuTimes

May 26, 2021

ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ ကြိုတင်စုဆောင်းထားကြရန်နှင့် အပြောင်း အလဲ အရှိန်အဟုန်ကြီးမားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

“တော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတယ်။ သတိထားပြီး နေထိုင်၊ လုပ်ကိုင်ကြဖို့ လိုတယ်။ အပြောင်းအလဲနဲ့ အရှိန်အဟုန်ဟာ သိပ်ကြီးမားတယ်။ ဘာမဆို အကုန်ဖြစ်သွားနိုင်တယ်၊ ရက်ပိုင်း၊ လပိုင်းအတွင်းမှာ အားလုံး အနေအထားတွေ ပြောင်းပြန်ဖြစ်သွားနိုင်တယ်။ အပေါ်က အောက်၊ အောက်က အပေါ် ၊ ဖိသူက ခံရသူ၊ ခံရသူက ဖိသူ ။ အဲဒီလိုဖြစ်ရင် ကိုယ်ဘယ်နေရာမှာ နေပြီး ဘာလုပ်မလဲဆိုတာကို ပြင်ဆင်ထားဖို့ လိုတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ရေးသားထားသည်။

လက်ရှိတော်လှန်ရေးသည် ပြည်သူက ဦးဆောင်ပြီး ပြည်သူက အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ဖြစ်ကြောင်း၊ ပြည်သူ့တော်လှန်ရေး၊ ပြည်သူ့အရေးတော်ပုံ အရှိန်အဟုန်ဖြင့်လာပြီး အလှည့်ကျ မနွဲ့စတမ်းဟုဆိုထားပါတယ်။ ပြည်သူသန်း ၅၀ ကျော်အတွက် အောင်ပွဲတွေ လာပြီ တိုက်မောင်းသံစောင့်ရင်း ဒါးသွေကြ ဟုလည်း ဒေါက်တာဇော်ဝေစိုးက ရေးသားထားကာ စစ်အာဏာရှင်အတွက်၊ Non CDM တွေအတွက် ၊ ဒလန်တွေအတွက် ဒုက္ခတွေ စုဆောင်းထား ပြင်ဆင်ထားကြရန် ရေးသားထားပါတယ်။