International

ထိုင်းဆင်းကဒ်များ မတ်လ ၃၁ ကစပြီး အင်တာနက်ချိတ်မရတော့

By TheLisuTimes

March 31, 2021

ထိုင်း Sim 2Fly ဆင်းကဒ်များအား မြန်မာပြည်ဖက်မှာ Roaming ပိတ်လိုက်သောကြောင့် မြန်မာပြည်တွင် သုံးနေသော Sim2Fly internet လိုင်း များ မတ်လ ၃၁ ရက်နေ့မှာ စတင်ပြတ်တောက်သွားပါတယ်။

ဖဖော်ဝါရီလ ၁ ရက်အာဏာသိမ်းနေ့မှာ မနက်ပိုင်း ၄ နာရီခန့် ဖုန်းလိုင်းများ၊ အင်တာနက် လိုင်းများ ပျက်သွားပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အင်တာနက် စပိတ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစတင်ပြီး မနက် ၁ နာရီကနေ ၉ နာရီအထိ အင်တာနက်ပိတ်ပါတယ်။ မကြာသေးခင်ကပဲ မိုဘိုင်းဒေတာ အင်တာနက်ကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

ဒီလိုအနေအထားမှာ ရရာနည်းလမ်းတွေနဲ့ ဈေးကြီးကြီးပေးဝယ်ပြီး သုံးစွဲနေကြပေမယ့် အခုလို ထပ်မံပိတ်ပင်ခံရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းစီးဆင်းမှုကို ကာကွယ်မှု စစ်ကောင်စီက ကြိုးစားနေတာဖြစ်ပါတယ်။