တရုတ်၏တိုင်းရင်းသား လူနည်းစုလူ့အခွင့်အရေး ချိုးဖောက်နေသည်ကို အကြောင်းပြု၍၊ လာမည့်နှစ်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပရန် စီစဉ်ထားသည့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်အား သံတမန်နည်းလမ်းဖြင့် သပိတ်မှောက်ရန် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီက တိုက်တွန်းလိုက်ပါတယ်။ နန်စီပယ်လို၏ ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောင်လီယန်းက ပြစ်တင်ရှုတ်ချခဲ့ပြီး၊ “အားကစားပွဲသည် ရိုးရှင်း၊လုံခြုံ၍၊ ခန့်ညားသည့် အားကစားပြိုင်ပွဲ ဖြစ်လိမ့်မည်”ဟု ယုံကြည်ကြောင်း ချေပြတုံံ့ပြန်ခဲ့ပါတယ်။