Media

တတိယတစ်ကြိမ် Stimulus Checks

By TheLisuTimes

January 12, 2021

USA မှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူစုစုပေါင်း ၂၂၄၀၉ ၁၃၂ ယေက်ရှိပြီဖြစ်ပြီး သေဆုံးသူ ၃၇၄၃၂၉ ယေက်ရှိနေပြီဖြစ်ပါတယ်။ ထို့ကြောင့် တစ်ဖက်မှာလည်း အစိုးရက ကာကွယ်ဆေးတွေ ထိုးနေပြီဖြစ်ပြီး အမေရိကန်ပြည်သူကို အခမဲ့ ထိုးပေးနေပြီဖြစ်ပါတယ်။

ဒီကိုဗစ် ကြောင့် အမေရိကန်ပြည်သူတွေ အလုပ်လက်မဲ့လည်း များစွာ တိုးလာနေပါတယ်။ စီးပွားရေးလည်းကျဆင်းနေပါတယ်။တစ်ဖက်မှာ လည်း အစိုးရက စီးပွားရေးပြန်လည်ထူထောင်နိုင်ဖို့ရန်အတွက် လူမှု အကူ အညီ ထောက်ပံငွေကြေးကိုလည်း $Trillion များစွာ ကုန်ကျပြီး ပြည်သူတွေကို တိုက်ရိုက်ငွေသားလည်း ထောက်ပံနေပြီး ၂၀၂၀ Trump အစိုးရလက်ထက်တွင် နှစ်ကြိမ် ထောက်ပံ့ခဲ့ပါတယ်။ ပထမတစ်ကြိမ်တွင် လူကြီး တစ်ယောက် $၁၂၀၀ ခလေး $၅၀၀ စီပေးဝေခဲ့ပြီးဖြစ်ပါတယ်။ဒုတိယတစ်ကြိမ်မှာတော ခလေးလူကြီး $ 600 စီထောက်ပံ့ခဲ့ပါတယ်။ အခုတတိယ အကြိမ် ပေးဖို့အစီစဉ်ရှိနေပါတယ်။အခု President အသစ် Joe Biden က သူ president တက်ပြီးနောက် အလျင်အမြန် $ 2000 ပေးမယ်လို့ သူ့၏ Tweeter မှာ ရေးထားပါတယ်။

ဆိုတော့ အမေရိကန်ပြည်သူတွေအတွက် တတိယအကြိမ် Stimulus Checks ရဖို့ ရှိနေတယ်ဆိုတာ မျော်လင့်လို့ရပါတယ်။ထို့နောက် $2000 က အမေရိကန်ပြည်သူတွေအတွက် တကယ်အရေးပေါ်လိုအပ်နေတဲ့အရာလေးဖြစ်ပါတယ်။ အခုဆိုရင်လွတ်တော်၂ ရပ်စလုံးမှာ Democrats အများစုဦးဆောင်နေပြီဖြစ်တဲ့အတွက် $ 2000 ဟာ အမေရိကန်ပြည်သူဆီသို့လမ်းတစ်ဝက်ရောက်နေပြီလို့ FOX59 မှာလည်းဖော်ပြထားပါတယ်။