News

တက္ကဆပ်ရောက် မြန်မာတို့ရဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှု

By TheLisuTimes

March 14, 2021

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြပွဲ (တတိယအကြိမ်မြောက်) ကို အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဖော့ဝေါ့မှာ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

“ဒီနေ့က အယောက်၂၀၀ လောက်ပဲ ရှိမယ်။ အရင် ပထမ တခေါက်ထက် ၃ပုံ ၁ ပုံ လောက် ပဲ လာ ကြ တယ်။ စစ် အာဏာရှင် တွေ မတရား သိမ်းပိုက်ခဲ့တဲ့ အကြောင်းနဲ့ စစ် အာဏာရှင် အုပ်ချုပ် လာတဲ့ သမိုင်း အကြောင်းတွေ ပြောတယ်။ ယခု ဖြစ်နေတဲ့ လူသတ် နှိပ်စက် ဖြစ်ပျက် နေတဲ့ အကြောင်းတွေ၊၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ကချင် နှင့် ကရင်တွေလည်း ပြည်သူတွေ နဲ့ ပူးပေါင်း လာကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်း အသီးသီး ကလည်း စီဒီအမ် ပါဝင်လာကြောင်း၊ စစ်အာဏာရှင် အဆုံးသတ်ရေး ပူးပေါင်းကြဖို့ ပြောပါတယ်။” လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ဆရာမ ရုသက ပြောပြပါတယ်။

” မြန်မာနိုင်ငံက လာရောက်အခြေချကြတဲ့ လူမျိုးပေါင်းစုံ ရောက်လာကြတယ်။ ရဲတွေက ကျွန်မတို့ ဆန္ဒပြတဲ့သူတွေကို ကာကွယ်ပေးပါတယ်။ သူတို့နဲ့လည်း ဓာတ်ပုံတောင် တွဲရိုက်လိုက်ရသေးတယ်။ အားလုံး ငြိမ်းချမ်းစွာ စုဝေးပြီး မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ကြတာပါ” လို့ ဆန္ဒပြပွဲရဲ့ အနေအထားကို ဒေါ်မိုးဝါက ပြောပြပါတယ်။

ယခုအကြိမ်က တက္ကဆပ်မှာ ရောက်နေကြတဲ့ မြန်မာတွေရဲ့ တတိယအကြိမ်မြောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာ ဖြစ်ပြီး၊ လာမည့်ရက်သတ္တပတ်တွေမှာ စနေ၊ တနင်္ဂနွေ နှစ်ရက်ဆက်တိုက် ဆန္ဒပြမှုတွေ လုပ်ဆောင်သွားမယ်လို့ စီစဉ်သူတွေဆီက သိရပါတယ်။

photo courtesy: friends in USA.