News

တကယ်ရှုံးပြီလား …

By TheLisuTimes

March 15, 2021

ဒုတိယကမ္ဘ္ဘာစစ်ဂျပန်လေတပ်ကပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့။အမေရိကန် ရေတပ်အကြီးအကျယ်ဆုံးရှုံးသွားခဲ့တယ်။စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။၆ စင်းက သုံးလို့မရတော့ဘူး။ရေတပ်မှာရှိတဲ့ တိုက်လေယာဉ်၄၅၀ ပျက်စီးသွားခဲ့တယ်။သေဆုံးသူ ၃၈၀၀။အမေရိကန်တပ်သားတွေစိတ်ဓာတ်အကျ ကြီးကျသွားကြတယ်။ပစိဖိတ်စစ်မျက်နှာရဲ့ရေတပ်သားတွေဟာမျှော်လင့်ချက်မဲ့လောက်အောင်ကိုစိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။သူတို့လောက်အခြေအနေဆိုးတာမရှိလောက်အောင်ကို စိတ်မှာထင်ကုန်ကြတယ်။ ဒါကြောင့်အမေရိကန်တပ်သားတွေရဲ့စိတ်ဓာတ်ကျဆင်းမှုကိုပြန်အဖက်ဆယ်နိုင်ဖို့အမေရိကန်သမ္မတ ရုစဗဲ့ ဟာချက်စတာနိမစ်ကို ပစိဖိတ်ရေတပ်ရဲ့အုပ်ချူ ပ်သူအဖြစ် ခန့်လိုက်တယ်။ချက်စတာနိမစ်ဟာ တပ်သားတွေစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့စိတ်ဓာတ် စစ်ဆင်ရေး တစ်ခုကိုလုပ်ဖို့စဉ်းစားမိတယ်။သူဟာ ပုလဲဆိပ်ကမ်းကျရှုံးစေသော အားနည်းချက်ကိုအရင် လိုက်ရှာတယ်။ထို အားနည်းချက်တွေမှတဆင့်တပ်သားတွေရဲ့စိတ်ဓာတ်ကိုပြန်နှိုးထပေးဖို့စီစဉ်လိုက်တယ်။ပထမဆုံးစစ်သားတွေနဲ့တွေ့ဆုံပွဲ လုပ်ချိန်မှာသူက”လက်ရှိအခြေအနေကိုအဆိုးဆုံးလို့ထင်နေကြပါသလား?တကယ်တော့မဆိုးသေးပါဘူး။ဂျပန်လေတပ်တွေသာ အမှား၃ ခုကို မကျူ းလွန်ခဲ့ဘူးဆိုရင်ငါတို့ဒီနေရာမှာ ဒီလိုရပ်ပြီးတောင်စကားပြောနိုင်ကြမယ်မထင်ပါဘူး။”“အဲ့ဒီအမှား ၃ ခုက ဘာလည်းသိချင်ကြလား?”တပ်သားတွေ စိတ်ထဲထို အမှား ၃ ခုကို သိချင်စိတ်ပြင်းပြစွာဖြစ်ပေါ်လာတယ်။“ပထမဆုံးအမှားကပုလဲဆိပ်ကမ်းကိုဗုံးလာကြဲချိန်ဟာတနင်္ဂနွေနေ့ဖြစ်နေတာပါပဲ။တနင်္ဂနွေဆိုတာ အားလပ်ချိန်ပါ။အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာစစ်သားအကုန်မရှိကြပါဘူး။သူတို့တွေအခြား နေရာတွေမှာအနားယူနေကြတယ်။တကယ်လို့ ဂျူ တီချိန်တွေမှာသာဗုံးကြဲ တိုက်ခိုက်လာခဲ့ရင်သေဆုံးစာရင်းက ၃၈၀၀၀ဖြစ်သွားပါလိမ့်မယ်။”“ဟုတ်လား?”ဟုတ်နေပါတယ်။ဒီအချက်ကိုသူတို့မတွေးခဲ့ကြဘူး။ဒါကြောင့် စိတ်ဓာတ်ကျခဲ့ကြတယ်။ခုတော့အသေပျောက်စာရင်းကအများကြီး နည်းသွားခဲ့လို့ကံကြမ္မာဟာသူတို့ဘက်မှာရှိနေတာကိုမြင်သွားကြတယ်။တပ်သားတွေစိတ်တက်ကြွလာတာကိုမြင်လိုက်ရတဲ့ နိမစ်ကနောက်တစ်ချက်ကိုထပ်ပြောတယ်။“ဒုတိယ အမှားကတော့အရမ်းဆိုးတယ်။ ဒီဂျပန်တွေတကယ်ဆိုသင်္ဘောတွေကိုပဲဗုံးကြဲခဲ့တာသူတို့ကံဆိုးတာပဲဗျာ။သင်္ဘောကျင်းတွေကို မဖျက်ဆီးခဲ့မိကြဘူးလေ။ သင်္ဘောကျင်းတွေသာပျက်ဆီးကုန်ရင်ကျန်တဲ့သင်္ဘောတွေကမ်းကပ်နိုင်မှာမဟုက်သလိုပျက်ဆီးသွားတဲ့သင်္ဘောတွေကိုလည်းပြန်ပြု ပြင်လို့ရမှာမဟုတ်ဘူး။ငါတို့သင်္ဘောတွေကို မိုင်ထောင်ချီသွားပြီးပြု ပြင်နေရလိမ့်မယ်။ဒါဆိုရင်တော့ ငါတို့သွားပြီ။နာလန်တောင်ထူနိုင်မှာမဟုက်ဘူး။”“ဟုက်တယ်မလား”မှန်တယ်။ တပ်သားတွေလက်ခုပ်ဝိုင်းတီးကြတယ်။စိတ်ဓာတ်တွေလည်းတက်ကြွလာကြတယ်။ဒီဆုံးရှုံးမှုဟာ ဘာမှမဟုက်တာကို မြင်လာကြတယ်။သူတို့ နောက်အမှားတစ်ခုကိုပိုသိချင်လာကြတယ်။“တတိယ အမှားကတော့”အားလုံးစိတ်လှုပ်ရှားနေကြတယ်။သေချာနားစွင့်နေကြတယ်။ နိမစ်ကကျယ်လောင်စွာပဲ ပြောလိုက်တယ်။“ဂျပန်တွေသိပ်တုံးတယ်။သူတို့ဟာ ငါတို့ပြန်တိုက်ခိုက်နိုင်ဖို့ကလဲ့စားချေ ဖို့အတွက်အားအင်တွေကိုအပြည့်ချန်ထားပေးခဲ့တယ်။အဲ့ဒါက လောင်စာဆီတွေပဲ။လောင်စာဆီကန်တွေဟာငါတို့သင်္ဘောကျင်းနဲ့ ၅ မိုင်အကွာတောင်ထိပ်မှာ ရှိနေတယ်။ဒီ ကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင်ငါတို့မှာရှိသမျှ တိုက်လေယာဉ်တွေသင်္ဘောတွေဟာအလကားပဲကွ။”အကုန်စိတ်ဓာတ်တွေတစ်ဝုန်းဝုန်းကြွတက်လာကြတယ်။“ဂျပန်တွေ ဘာလို့ဒီအမှားတွေကျူ းလွန်ခဲ့ကြလည်းသိကွလား?။အဖြေကရှင်းတယ်။ဘုရားသခင်ဟာငါတို့ဘက်မှာအမြဲရှိနေခဲ့တယ်။ငါတို့ကိုကူညီခဲ့တယ်။”လက်ခုပ်သံတွေဆူညံစွာထွက်ပေါ်လာတယ်။ကြွေးကြော်သံတွေညံထွက်လာတယ်။ အရှုံးထဲကနေအကောင်းမြင်စိတ်နဲ့ မိမိဘက်မှာရှိနိုင်သော၊ ရနိုင်သောအခွင့်အရေးကို မြင်လိုက်ရချိန်မှာအားအင်တွေ လုံးဝတက်ကြွသွားကြတယ်။ အဲဒီနောက်မှာတော့အမေရိကန်ရေတပ်ဟာ ဂျပန်တွေထိန်းချူ ပ်ထားသော Marshallနဲ့Gilbert ကျွန်းတွေကိုရုတ်တရက်ပြန်သိမ်းလိုက်တယ်။ဂျပန်စစ်သင်္ဘော ၈စီးကိုမြုပ်ပစ်လိုက်တယ်။တောက်လျှောက်ပစိဖိတ် စစ်မျက်နှာပြင်မှာဂျပန်လေယာဉ်တွေစစ်သင်္ဘောတွေကိုရေအောက်မြုပ်ပြလိုက်တယ်။နောက်ဆုံး လက်နက်မချ နိုင်တဲ့ဂျပန်တွေကို ၁၉၄၅ သြဂုတ် ၆မှာဟီရိုးရှီးမား။ သြဂုတ် ၉ မှာနာဂါဆကီ မြို့၂မြို့ကို အနုမြူ ဗုံးကြဲချပြီး ဒုတိယကမ္ဘ္ဘာစစ်ကိုအနိုင်ယူလိုက်ကြတယ်။

ဒီနေရာမှာစဉ်းစားကြည့်ရအောင်။

တကယ်လို့ ပုလဲဆိပ်ကမ်းရှုံးနိမ့်မှု မှာကထဲကအမေရိကန်တွေသာစိတ်ဓာတ်ကျပြီး အရှုံးကိုသာလက်ခံခဲ့ကြရင်ယနေ့ super power နိုင်ငံအဖြစ်ရပ်တည်နိုင်မှာမဟုက်ပါဘူး။ဒီလို … မျက်မှောက်ခေတ်အောင်မြင်မှု ရရှိစေသောအကြောင်းပြချက်ကရိုးရိုးလေးပါ။“အရှုံးကို လက် မ ခံ လိုက်ပါနဲ့”အရှုံးကို လက်မခံသေးသမျှကာလပတ်လုံးသင့်မှာအောင်မြင်ဖို့90%ရှိနေပါသေးတယ်။ဘာလို့အဆင်မပြေဖြစ်တိုင်းစိတ်ဓာတ်ကျ ကြမှာလည်း။အကောင်းလေးတွေမြင်ကြည့်ကြပါ။ဘယ်လောက်ဆိုးတဲ့အခြေအနေမှာပဲ ဖြစ်ဖြစ်သင်သာအကောင်းမြင်တက်ရင်သင့်အတွက် သင့်ဘက်မှာကံတရားရှိတာမြင်လာပါလိမ့်မယ်။ဒါဆို ဘာလို့ နောက်တခါပြန်မကြိုးစားနိုင်ရမှာလည်း။သင်လဲကျ မှာလုံးဝမစိတ်မပူမိပါဘူး၊သင်ပြန်မထနိုင်မှာသာစိတ်ပူမိပါတယ်။ပြန်ထလာနိုင်ဖို့လည်းအားအင်တွေပေးနိုင်ပါတယ်။ဒီကနေ့ ကြုံနေရတဲ့အခက်အခဲဆိုတာအနာဂါတ်မှာသင့်ကိုပိုမိုအောင်မြင်စေမယ့်တွန်းကန်အားဆိုတာမြင်ပြီလား ?မြင်တတ်ပြီလား ?အောင်မြင်မှုဆီအတူတူသွားကြရအောင်ဗျာ။ကျွန်တော်ရဲရဲကြီးပြောရဲတယ်။“သင် လုံးဝ အောင်မြင်ရမယ်။သင် လုံးဝ အောင်မြင်ရမယ်။သင် လုံးဝ အောင်မြင်ရမယ်။”Yes We Can. Yes We Can.Yes We Can. Yes …….

Drကျော်စွာလင်း ၏ Fb Post ကိုကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။