Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
ညောင်တုန်းမြို့က လူမဲ့သပိတ်

News

ညောင်တုန်းမြို့က လူမဲ့သပိတ်

By TheLisuTimes

March 14, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှာ ဧရာဝတီကရင်လူငယ်များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ်ကို မတ်လ ၁၄ ရက်နေ့တွင် စတင်လိုက်ပါတယ်။

ကရင်အလံ၊ အလံနက်၊ ဧရာဝတီ ကရင်လူငယ် အထွေထွေ သပိတ်စစ်ကြောင်း ဆိုင်းဘုတ်နှင့်အတူ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံရသူများ လွှတ်ပေးရေး စသည့် ကြွေးကြော်သံဆိုင်းဘုတ်များလည်း စိုက်ထူထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာ သိမ်းယူသည်ကို ဆန့်ကျင်သူများက ဖမ်းဆီး သတ်ဖြတ်မှုကြားမှပင် ကြက်သွန်ကောက်သပိတ်၊ ဖိနပ်ကြိုးချည်သပိတ်၊ ထမီတန်းသပိတ်၊ ညသပိတ် နှင့် ယခု လူမဲ့သပိတ် စသည့် ပုံစံဆန်း သပိတ်မှောက်မှုများ နိုင်ငံနှင့်အဝှမ်း ဆက်လက် ဖြစ်ပေါ်နေပါတယ်။

ဓာတ်ပုံ – Ayeyarwaddy Karen Youth Seminar/Facebook