Opinion

ဆီနဲ့ရေလိုပဲ Mindset ကွာတယ်

By TheLisuTimes

June 02, 2021

စမ်းချောင်းမှာ ပိတ်မိတဲ့ ညတစ်ညတုန်းကတိုက်ခန်းလှေကားတွေထဲ ဝင်ပြေးပုန်းကြရင်းအိမ်ရှင်တွေက အထဲဝင်ခိုင်းတာ အိမ်ရှင်တွေပါဒုက္ခရောက်မှာစိုးလို့ ကလေးတွေက မဝင်ကြဘဲလှေကားမှာဘဲနေကြလို့ အိမ်ရှင်တွေကငိုကြတယ်

သပိတ်ဖြိုခွဲခံရလို့ ပြေးကြလွှားကြတော့ဘေးနားကအိမ်တချို့က တံခါးဖွင့်ပေးပြီးကလေးတို့ ဝင်ကြဝင်ကြလို့အော်ပြောတာဟေ့ကောင်တွေ မဝင်ကြနဲ့ ငါတို့ကြောင့်သူများတွေ ဒုက္ခမရောက်စေနဲ့လို့ အချင်းချင်းလှမ်းအော်သတိပေးရင်း ဆက်ပြေးကြတယ်

ပြေးကြလွှားကြရင်း ကလေးတစ်ယောက်ကကားတစ်စီးကိုကွယ်ပြီး လေးခွနဲ့ပြန်ပစ်မလို့လုပ်တုန်းသူ့သူငယ်ချင်းက နောက်ကနေ ဟေ့ကောင်မလုပ်နဲ့တော်ကြာသူတို့လှမ်းပစ်ရင် သူများကားထိကုန်မယ်လို့ပြောရင်းက ဆွဲခေါ်သွားတဲ့ မြင်ကွင်းတွေ

ပိတ်မိနေတဲ့ ကလေးတချို့က ကျွန်တော်တို့ယောင်္ကျားလေးတွေ အဖမ်းခံပါ့မယ် ဒါပေမယ့်မိန်းကလေးတွေကိုတော့ လွှတ်ပေးကြပါဆိုတဲ့လူကြီးလူကောင်းဆန်တဲ့ စိတ်ကလေးတွေ

ဆန္ဒပြရင်းက အလှူရှင်တွေပေးတဲ့ ထမင်းဘူးကိုမစားခင် လက်အုပ်ချီမေတ္တာပို့နေတဲ့ ပုံရိပ်တွေကလေးတွေ မိန်းကလေးတွေ လူကြီးသူမတွေကိုဦးစားပေးစောင့်ရှောက်တဲ့ ရည်မွန်ယဥ်ကျေးတဲ့လူသားဆန်သော ကိုယ်ချင်းစာတရားတွေသူတို့ကို ပုန်းခိုခွင့်ပေးခဲ့တဲ့ အိမ်နဲ့စျေးဆိုင်တွေကအပ်တစ်ချောင်းတောင်မခိုးကြတဲ့ ရိုးသားမှုတွေသေချင်သေပါစေ အမှန်တရားအတွက်လက်နက်အားသာတဲ့ လူသတ်သမားတွေကိုရဲရဲတောက် ရင်ဆိုင်ရဲကြတဲ့ အာဂသတ္တိတွေဘယ်စစ်ရေးဗျူဟာကိုမှ မကြွယ်ဝခဲ့ဖူးပေမယ့်အဓမ္မကိုအာခံရဲတဲ့ အကြောက်တရားနည်းသူတွေဘာ Training မှ မဝင်ဖူးပေမယ့် Team work နဲ့အပေးအယူမျှမျှ လုပ်တတ်တဲ့ အရည်အချင်းတွေ

ကျန်တာကိုတော့ ယှဥ်မပြတော့ပါဘူးအားလုံးက သိကြမြင်ကြပြီးသားအရာတွေ

Mental Ability ဆိုတဲ့ နှလုံးရည်ချင်းGene ဆိုတဲ့ သန္ဓေချင်း ယှဥ်ကြည့်လိုက်ရင်ကျားကျားလျားပုံစံကြီးတွေ မရှိကြပေမယ့်ရုရှားအထိ စစ်ပညာသွားမသင်ဖူးကြပေမယ့်

Gen-Z မျိုးဆက်ကလေးတွေမှာ လူပီသတဲ့အမျိုးသားကောင်းဗီဇတွေ ရှိနေတယ်

အနာဂတ်ကို ဒီလူငယ်တွေလက်ထဲသာထည့်ပေးလိုက်ရရင် ကျေနပ်ပြီ ဒါပါဘဲ

— fb မှ ပို့စ်တစ်ခုကို ဂျန်ဇီတို့အား ဂုဏ်ပြုရင်း ကူးယူဖော်ပြလိုက်ပါတယ်။