News

ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ

By TheLisuTimes

June 10, 2021

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဆိပ်ကမ်းမြို့နယ်အမတ်ဟောင်း ဦးနေမျိုးအောင်ဟာ ဒီနေ့ ဇွန် ၁၀ ရက် ညနေပိုင်းမှာ ဗိုလ်တထောင်စေတီအနီးမှာ လဘက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပါတယ်။ ဦးနေမျိုးအောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဆိပ်ကမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပေမယ့်၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အငြင်းပွားမှုဖြစ်လာပြီး ရွေးကောက်ပွဲ ကော်မရှင်က အငြင်းပွားမှုကိုစစ်ဆေးခဲ့ပြီး NLD ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့ပါတယ်။