မြန်မာကျောင်းသားက အင်တာနက်ဖြတ်ခံထားရကြောင်း၊ အာဏာသိမ်းမှုကြောင့် လူပေါင်း ၂၀၀ ကျော်ပစ်သတ်ခံရကြောင်း ဖော်ပြပြီး အဆိုင်းမင့်ကို ရက်ရွေ့ပေးရန် ခွင့်ပန်သည်ကို “ဆန္ဒပြရုံနဲ့ သေနတ်ပစ်မှာမဟုတ်ဘူး”လို့ တုံ့ပြန်တဲ့ ကနေဒါနိုင်ငံ York တက္ကသိုလ်နည်းပြ အရေးယူခံရတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်က အတန်းထဲတွင် မြန်မာကျောင်းသား၏ မြန်မာပြည်အခြေအနေမှန်ကို ရှင်းပြသည်ကို နည်းပြ ဆရာက နားမထောင်ဘဲ၊ သူတို့နိုင်ငံပေတံနဲ့ တိုင်းတာပြီး စာနာမှုမဲ့စွာ တုံ့ပြန်ခဲ့ခြင်းကြောင့် မတ်လ ၁၉ ရက်နေ့ကစပြီး အဆိုပါကိစ္စ သတင်းမီဒီယာပေါ် တက်လာပါတယ်။ အွန်လိုင်းပေါ်မှာ ထိုနည်းပြကို လှောင်ပြောင်မှုများစွာပေါ်ပေါက်လာခဲ့သလို၊ စစ်ကောင်စီ၏ ရက်စက်မှုက ပိုမို ကမ္ဘာသိ ကျော်ကြားလာခဲ့ပါတယ်။ အဆိုပါနည်းပြကို ကျောင်းမှာ စာဆက်မသင်ခိုင်းတော့ဘူးလို့ ဆိုပါတယ်။
York University သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှု၊မတူကွဲပြားမှု နှင့် ပူးပေါင်းပါဝန်မှု အစရှတဲ့ တန်ဖိုးတွေကို လက်ကိုင်ကျင့်သုံးရန်နှင် အားပေးရန် ဆန္ဒထက်သန်ပါသည်” ဟု တက္ကသိုလ်တာဝန်ရှိသူက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားပါတယ်.။ လက်တွေ့မြန်မာ့မြေပြင်ပေါ်တွင် အာဏာလု စစ်ကောင်စီ၏ လက်နက်ကိုင်များဖြစ်ကြသော ရဲနှင့်စစ်သားများက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို တရားဥပဒေမဲ့စွာရမ်းကားတာ၊ မထင်ရင်မထင်သလို မဲမဲမြင်ရာ လိုက်ပစ်နေတာ၊ အိမ်ဖောက်ထွင်းပြီးပစ္စည်းခိုးယူတာ၊ လမ်းပေါ်မှာ ရပ်ထားတဲ့ကားတွေကို ဖျက်ဆီးပစ်တာ၊ လေးဘက်ကုန်း လျှောက်ခိုင်းပြီး နှိပ်စက်တာတွေ နေ့စဉ်နှင့်အမျှ ဗွီဒီယို သက်သေတွေ ထွက်လာနေတာဖြစ်ပါတယ်။