News

စီးတီးမတ် နှင့် အခြားဝန်ထမ်းအယောက် ၄၀ ကျော် ရန်ကုန်မြို့တော်ခန်းမမှာ ခေါ်ထိန်းထား

By TheLisuTimes

March 24, 2021

စီးတီးမတ် နှင့် အခြားဝန်ထမ်း ၄၀ ကျော်ကို အစည်အဝေးရှိသည်ဟု အကြောင်းပြပြီး ရန်ကုန်မြို့တော်ခန်းမမှာ ယခုညအထိထိန်းသိမ်းထားတယ်လို့ သတင်းရလာပါတယ်။ “ကျမတို့ အကိုလည်းခုထိပြန်မရောက်သေးပါဘူးရှင်။ မိသားစုတွေစိတ်ပူနေပါပြီ။ Edited: 8:45 PM အဆက်အသွယ်ရပါပြီ အိမ်ပေးမပြန်ပါ ဒီညမြို့တော်ခန်းမမှာ ညအိပ်ရပါမယ်တဲ့ အယောက်၄၀ကျော်ရှိပါတယ်တဲ့ရှင်” လို့ ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင် Aein Si Zhang က သူ့အစ်ကို စိုးငြိမ်းလွင် လည်း ပြန်မရောက်သေးကြောင်း ည ၈နာရီခန့်မှာ အထက်ပါအတိုင်း ရေးသားထားပါတယ်။

YCDC ဘက်က သီးခြားအတည်ပြုချက်တော့ မရနိုင်သေးပါဘူး။လူထုရဲ့ တိတ်ဆိတ်ခြင်းဆန္ဒပြပွဲရက် မတ်လ ၂၄ ရက်နေ့မှာ စီးတီးမတ် အပါအဝင် အခြား စူပါမားကတ်ဆိုင်ကြီးများလည်း ဆိုင်မဖွင့်ဘဲ ပိတ်ထားခဲ့ပါတယ်။