History

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ အမေရိကန်လီဆူအဖွဲ့ချုပ် သဘောထား ထုတ်ပြန်

By TheLisuTimes

March 20, 2021

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာစစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ အမေရိကန်လီဆူအဖွဲ့ချုပ်က မတ်လ (၁၉) ရက်စွဲဖြင့် သဘောထား ထုတ်ပြန်လိုက်ပါတယ်။

သဘောထားထုတ်ပြန်ချက်ထဲမှာ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း၊ ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန်တောင်းဆိုကြောင်း၊ ပစ်ခတ်သတ်ဖြတ်မှုများကို ရှုံ့ချကြောင်း၊ စစ်အဏာရှင်ကိုအားပေးနေသော လီဆူများသည် တစ်မျိုးသားလုံးကို ကိုယ်စားမပြုပါကြောင်း၊ CRPH နှင့် ယာယီအစိုးရတို့၏ ဖယ်ဒရယ်တပ်မတော် ထူထောင်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်နေမှုများကို ဂုဏ်ယူထောက်ခံပါကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်လီဆူအဖွဲ့ချုပ်ကို ၂၀၁၃ မှာ အမေရိကန်နိုင်ငံရောက် လီဆူများ စုပေါင်းပြီး ဖွဲ့စည်းခဲ့ပါတယ်။အသင်းအဖွဲ့၏ရည်ရွယ်ချက် နံပါတ် (၄) တွင် ပြည်တွင်းပြည်ပတွင် ဖိနှိပ်ခံမိမိလူမျိုးများအတွက် မားမားမတ်မတ်ရပ်တည်ပေးရန် လို့ ဖော်ပြထားပါတယ်။