News

စစ်အာဏာရှင်ရဲ့ဘတ်ဂျက်ကို ဖြတ်တောက်ရန်ကြိုးစားနေတယ်လို့ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

By TheLisuTimes

March 20, 2021

စစ်အာဏာရှင်ရဲ့အကြမ်းဖက် ယန္တရား အသက်ဆက်ဖို့ ပိုက်ဆံလိုမှာမို့၊ ကျွန်တော့်အလုပ်က သူတို့ရဲ့ဝင်ငွေရလမ်းအားလုံးကို ရသလောက် ဖြတ်တော်ဖို့ဖြစ်တယ်လို့ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောဆိုလိုက်ပါတယ်။ စစ်အာဏာရှင်ရဲ့ ယန္တရားလည်ပတ်မှုကို အဆုံးသတ်ဖို့ ပြည်သူလူထုအနေနဲ့ အခွန်မဆောင်၊ ချေးငွေမဆပ်၊ ရင်းနှီးမြုပ်နှံမှုမလုပ်၊ ပြည်သူ့ အစိုးရညွှန်ကြားချက်ကို စောင့်ကြည့်လိုက်နာကြဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းလိုက်ပါတယ်။