စစ်တပ်နှင့် နှီးနွယ်ပတ်သက်သူများ ၂၀၂၁-၂၂ ပညာသင်နှစ် ကျောင်းအပ်ပြီးစီးမှု အခြေအနေကို အထက်သို့ တင်ပြရန် အကြောင်းကြားထားသည့် စာတစ်စောင် အွန်လှိုင်းပေါ် ရောက်လာပါတယ်။ စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်ကြသော မိဘပြည်သူများအနေဖြင့် သားသမီးတို့ကို ကျောင်းမအပ်ဘဲရှိနေကြတဲ့ အခြေအနေမှာ စစ်တပ်နှင့် နှီးနွယ်သောသူများက ယခုလို ကျောင်းမအပ်မနေရ အနေအထားမျိုး ဖိအားရင်ဆိုင်နေကြရတာဖြစ်ပါတယ်။