News

စစ်ကောင်စီ၏ သတ်ဖြတ်ခံရသူ ကလေးသူငယ် (၇၃) ဦးရှိပြီဟုဆို

By TheLisuTimes

May 26, 2021

မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီ (၁၅) မှ မေလ (၁၅) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၏သတ်ဖြတ်ခံခဲ့ရသော ခဲ့သော ကလေးသူငယ်ဦးရေ (၇၃) ဦးရှိပြီလို့ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကနေ့ထုတ်ပြန်လိုက်ပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးသူငယ်တွေထဲမှာ လမ်းပေါ်မှာ ဆန္ဒထုတ်ဖော်ရင်း ပစ်သတ်ခံရတာ၊ နေအိမ်ထဲဝင်ရောက်သတ်ဖြတ်ခံရတာ၊ အိမ်ပြင်မှာ ကစားနေရင်း သေနတ်ထိမှန် သေဆုံးခဲ့တာတွေလဲ ပါဝင်နေပြီး၊ လတ်တလေ အပြင်းအထန်ချေမှုန်းတိုက်ခိုက်ခံနေရတဲ့ မင်းတပ်၊ ကနီ၊ ဒီမောဆိုး စတဲ့ဒေသက ကလေးသူငယ် သေဆုံးစာရင်းတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့လဲ လူ့အခွင့်အရေးသတင်းများကို ရနိုင်သလောက် စုဆောင်းပေးပို့ဖို့ တိုက်တွန်းပန်ကြားထားပါတယ်။