Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
စစ်ကောင်စီမှ အသစ်ဖွဲ့စည်း လိုက်သည့် UEC အဖွဲ့နှင့် တွေ့ဆုံမည့် ဒူးလေး ပါတီအပေါ် လီဆူလူငယ် အချို့ ၏ အမြင် နှင့် ခံစားချက်များ

News

စစ်ကောင်စီမှ အသစ်ဖွဲ့စည်း လိုက်သည့် UEC အဖွဲ့နှင့် တွေ့ဆုံမည့် ဒူးလေး ပါတီအပေါ် လီဆူလူငယ် အချို့ ၏ အမြင် နှင့် ခံစားချက်များ

By TheLisuTimes

February 25, 2021

LNDP (ဒူးလေး) ပါတီ စစ်ကောင်စီ မှ အသစ်ဖွဲ့စည်းထားသည့် UEC နှင့်တွေ့ဆုံ မည့်အပေါ်လီဆူ လူငယ် တစ်ချို့ ၏ ရင်ဖွင့် စကားကို The Lisu Times မှ စုစည်း တင်ပြလိုက်ပါတယ်။ သင့်၏ အမြင် ကိုလည်း Comment တွင်ရေးသား ဖော်ပြ နိုင်ပါသည်။

ဆရာ ဇီအားဆာ(မိုးကုတ်)…….မတွေ့တာကောင်းတယ် ဘာကြောင့်လဲဆိုတော့ ပြည်သူတွေတင်မြောက်ရွေးချယ်ထားတဲ့ တရား၀င်အစိုးရမဟုတ်တဲ့အတွက်တရားမ၀င်စစ်သူပုန် ကောင်စီက ဖွဲ့ထားတဲ့ UECဖိတ်ခေါ်တာ တက်မယ်ဆိုရင် ပြည်သူပေးခဲ့မဲတွေကို အသိအမှတ်မပြုတာစစ်အာဏာရူးကိုဖားတာ။

ဆရာအားတီ (မြစ်ကြီးနား)……..သဘောလုံးဝမတူပါ။ခုလိုလီဆူဒူးလေးပါတီ လုပ်ရပ်ကိုကြားရတော့စိတ်မကောင်းပါဘူး။ ဒီလိုမျိုးဖြစ်လာတော့ လီဆူတွေအနေနဲ့ Onlineပေါ်postတွေတင်ကြတဲ့အခါမှာတော့ လီဆူစာနဲ့ရေးကြရင် ကောင်းတယ်လို့ ယူဆမိပါတယ် ဒူလေးကိုရှုံ့ချကြတဲ့အခါ လူမျိုးနားလည်တဲ့စာနဲ့တော့ Onlineပေါ်မတင်စေချင်ဘူး။

ကို ငွားရဲဇော် (ပူတာအို)…… ကျွန်တော် လည်း ဒူးလေးပါတီ ထောက်ခံသူ တစ်ယောက်ပါ။ အခုလိုမျိုး စစ်ကောင်စီ UEC နဲ့ တွေဆုံမယ် သတင်းကြားတော့ ဝမ်းနည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက တရားဝင်အစိုးရ မဟုတ် လို့ဘဲ။ ခုချိန်က ကျွန်တော်တို့ပါတီ ဟာ ပြည်သူများနှင့် တစ်သားထဲ ရှိပြီး Democracy အတွက်ကြိုးစားရမယ့်ချိန်ပါ။

ဆရာဂူလေး ( ဆဒုံး) ….နိုင်ငံရေးပါတီအနေနဲ့ နိုင်ငံရေး လုပ်တာ ဘာမှ ကန့်ကွက်စရာ မရှိဘူး ။ ဒါပေမဲ့ ခု လောလော ဆယ် တရားမဝင် တဲ့ အဖွဲ့နဲ့ သွားပြီး meeting လုပ်တယ်ဆိုတာ သူတို့နဲ့ ပူးပေါင်းရာ ရောက်တယ်လို့ မြင်တယ်။ မပူးပေါင်းဘဲ သွားတွေ့တာဘဲဆိုရင်တောင် သူတို့ကို အသိအမှတ်ပြုရာ ရောက်တယ်။ ဒါကြောင့် ခုလို သွားတွေ့တာကိုတော့ ရှုတ်ချပါတယ်။

ကိုအားဖီ (ပူတာအို) ……ဒူးလေးပါတီအနေနှင့်လေး လီဆူ လူမျိုးတခုထဲ အကျိုးအတွက်သာမက ​အခြားသော လူမျိုးများအကျိုးအတွက်ပါ လူမျိုးမခွဲ ဘာသာမခြား ဆောင်ရွက်ပေးခဲ့မှုများ တွေ့ခဲ့ရတော့ အင်မတန်မှ ကျေနပ် အားရခဲ့ပါတယ်။ သို့ပေမယ့် လက်တလော မိမိတို့နိုင်ငံအခြေအနေ အရ ဒူးလေး ပါတီ အနေ နှင့် စစ်တပ် က မတရားအာဏာသိမ်းယူခဲ့မှုအပေါ်ကန့်ကွက် ခဲ့မှု မရှိသည့်အပြင် ၂၆.၂.၂၀၂၁ ရက်နေ့တွင့် တရားဥပဒေအရ ဖွဲ့စည်းထားခြင်းမဟုသော UECအစည်းအဝေးသို့ တက်ရောက်မည်ဟု သတင်း ထွက်ပေါ်နေခြင်းမှာ မတင့်တော် လှပါ။ ဤကဲ့သို့ တရားမဝင် လက်နက် အားကို ခြင်းဖြင့် အာဏာ သိမ်းထားသည့်အစိုးရ အပေါ် မိမိ တို့ လီဆူ လူမျိုးကို ကိုယ်စားပြု သော ဒူးလေးပါတီအနေ နှင့် မတက်ရောက်သင့်ပါ။ အဆိုသပါတရားမဝင်ဖွဲ့စည်းထားသော UEC အစည်းအဝေးသို့ တက်ရောက်ခြင်းမပြုရန်အကြံပေးချင်ပါသည်။ယခုလို အာဏာ သိမ်း စစ်တပ်အစိုးရအပေါ်မြန်မာပြည် တပြည်လုံးသာမက ကမ္ဘာ့နိုင်ငံ များမှလည်း အသိအမှတ်မပြုသောကြောင့် မိမိ တို့ ဒူးလေးပါတီ အနေနှင့်လည်းအားနည်းနေလို့ မကန့်ကွက် ရဲသော်လည်း မတရားသော လုပ်ရပ်အပေါ် အားပေးအားမြောက်ထောက်ခံမည့် အခြေအနေ တို့ကို မလုပ်ဆောင်သင့်၊ မဖြစ်စေသင့်ပါ။ အကယ်၍ ဒူးလေးပါတီ အနေ နှင့် ယခု ကျင်းပမည့် UEC အစည်းအဝေးသို့ တက်ရောက်လိုက်ပါလျှင် မိမိတို့ လီဆူ လူမျိုးများအတွက် သမိုင်း အမဲရောင် သန်းသွားနိုင်ပါသည်။သို့ဖြစ်ပါ၍ ဒူးလေးပါတီအနေ နှင့် ၂၆.၂.၂၀၂၁ ရက်နေ့တွင် ကျင်းပမည့် တရာမဝင် အစည်းအဝေးသို့ တက်ရောင်ခဲ့ပါလျှင် မိမိ လီဆူ လူမျိုးတစ်ယောက်အနေ ဖြစ် ဒူးလေးပါတီ အား လီဆူ လူမျိုး ကိုယ်စားပြု ပါတီအဖြစ် လက်ခံမည် မဟုပါကြောင်းနှင့် နောင်လာမည့် လီဆူ လူမျိုးများ ကိုလည်း ဤပါတီသည် လီဆူ လူမျိုးကိုယ်စားပြု ပါတီ မဟုကြောင်းကို တိုက်တွန်း နှိုးစော် သွားမည်ဖြစ်ပါသည်။

ဆရာမ ဆာရာ (မကန)….. ကျမ လည်း ဒူးလေးပါတီကို အားပေးထောက်ခံ နေသူပါ။ ဒါပေမဲ့ ခု လို စစ်ကောင်စီ ရဲ့ UEC နဲ့ တွေ့ဆုံတာကတော့ မလုပ် သင့်ဘူးလို့ မြင်တယ်။ ရှုတ်ချပါတယ်။

Ko Phu Ye (mkn) ….အဲ့ဒါကိုတော့..ရှုတ်ချရမယ်..ဘယ်အရာမဆို..စစ်အာဏာစနစ် ကို ထောက်ခံတာကို ရှုတ်ချရမှာဘဲ……

အမည်မဖော်လိုသူ အမျိုးသမီး (ပြင်ဦးလွင်) ………..လူမျိုးကိုယ်စားမပြုဘူး၊ လီဆူလူမျိုးတွေရဲ့အာဏာ ကို အလွဲသုံးစားလုပ်ခြင်းဘဲ။ တစ်ဦးတစ်ယောက် တစ်မိသားစုအကျိုးအတွက် လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့လဲရဲတဲ့ လူမိုက်လို့ ကျွန် မကမြင်တယ်။ ဒါကြောင့် ကျွန်မ ရှုတ်ချပါတယ်။