News

စစ်ကောင်စီထံသို့ အခွန်မသွင်းရန် ရေနံနှင့်သဘာဝဓါတ်ငွေ့ ကုမ္ပဏီများသို့ ပြည်သူ့အစိုးရ နောက်ဆုံးအကြိမ် အသိပေးညွှန်ကြား

By TheLisuTimes

March 16, 2021

နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် အခွန်အခကို အာဏာသိမ်း စစ်ကောင်စီထံသို့လုံးဝပေးသွင်းခြင်းမပြုရန်၊ ပေးသွင်းသမျှကိုလည်း အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက် နေ့စွဲဖြင့်၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေထုတ်လုပ်သော ကုမ္ပဏီများသို့ ပြည်သူ့အစိုးရက နောက်ဆုံးအကြိမ်အသိပေး အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

မြေပေါ်မြေအောက် သယံဇာတ၏မူလပိုင်ရှင်သည် ပြည်သူလူထုသာဖြစ်ကြောင်း၊ ယခင်ညွှန်ကြားချက်များကို အလေးမထားဘဲ ၂၀၂၀ ဒီဇင်ဘာလ နှင့် ၂၀၂၁ ဇန်နဝါရီလ အခွန်ငွေများကို ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေထုတ်လုပ်သော ကုမ္ပဏီများက အာဏာသိမ်း စစ်ကောင်စီထံ ပေးသွင်းခဲ့ကြောင်းသိရှိရပြီး၊ ဖေဖော်ဝါရီလနှင့် မတ်လ အခွန်အခများကို ဆက်လက်ပေးသွင်းခြင်းမပြုရန် နောက်ဆုံးအကြိမ် အသိပေးအကြောင်းကြားခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ထိုလုပ်ငန်းများမှ နိုင်ငံတော်သို့ ပေးသွင်းသည့်ဝင်ငွေသည် တစ်လလျှင် အနည်းဆုံး ၇၅ သန်းမှ သန်း ၉၀ အထိရှိကြောင်းဖော်ပြထားပါတယ်။