News

စစ်ကောင်စီက အန်အဲလ်ဒီပါတီ၀င်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

By TheLisuTimes

March 31, 2021

မတ်လ ၁၅ ရက်နေ့က နေအိမ်ကနေ အဖမ်းခံခဲ့ရတဲ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် ခေါ် အဂ္ဂမိုးညို ကို အာဏာသိမ်း စစ်ကောင်စီက စစ်ကြောရေးစခန်းမှာ ဖမ်ဆီးနှိပ်စက်ခဲ့တဲ့အတွက် မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးဥက္ကဌ နှင့် ရွေပြည်သာက NLD အဖွဲ့ဝင် စုအသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံတို့ကိုလည်း စစ်ကောင်စီက လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ပြီးတဲ့နောက် နောက်တစ်ရက်မှာ မိသားစုထံ ရုပ်အလောင်းကိုသာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။