International

စစ်ကောင်စီကို လုံခြုံရေးကောင်စီက အရေးယူဖို့ တရုတ်ကန့်ကွက်

By TheLisuTimes

April 01, 2021

ယနေ့ ၁၅ နိုင်ငံ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို အရေယူဖို့ကိစ္စကို ကုလသမဂ္ဂ ဆိုင်ရာ တရုတ်သံအမတ်ကြီးက Zhang Jun ကကန့်ကွက်လိုက်ပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အစီရင်ခံတင်ပြခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကတော့ – ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ သွေးချောင်းစီးတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက် လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။