News

ဂျပန်သတင်းထောက် လွတ်ပြီ

By TheLisuTimes

May 15, 2021

စစ်ကောင်စီက တရားစွဲဆိုမှုကို ရပ်တန့်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကိုက မေလ ၁၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဂျပန်နိုင်ငံ ချီးဘာခရိုင် နာရီတာ လေဆိပ်ကိုပြန်လည်ရောက်ရှိပါတယ်။

ဂျပန်ပြန်ရောက်ရောက်ချင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်တွင်းက သတင်းတွေကို ကမ္ဘာကို သတင်းသမားပီပီ ပြောပြသွားမယ်လို့ သူက ဆိုလိုက်ပါတယ်။ သူ့ကို စစ်ကောင်စီအာဏာပိုင်တွေက အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပြီး ရန်ကုန်လေဆိပ်ကနေတဆင့် လေကြောင်းခရီးနဲ့ ဂျပန်ကိုပြန်လည်ရောက်ရှိလာတာပါ။