News

ချင်းပြည်နယ်မှာ ဒီမိုအရေးအတွက် ချင်း-လီဆူတစ်ဦး ကျဆုံး

By TheLisuTimes

March 28, 2021

၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့၊ ချင်းပြည်နယ်၊ ကလေးမြို့ လူထုသပိတ်မှာ ချင်း-လီဆူကပြား Women for Justice Organization ဒါရိုက်တာ ဒေါ်ခူးခူ (အားခူ) သည် စစ်ကောင်စီ လက်နက်ကိုင်များပစ်ခတ်တဲ့ ကျည်ဆန် ရင်ဘတ်ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ပါတယ်။

“WJ အဖွဲ့ခေါင်းဆောင် ဆရာမ အားခူ ကျဆုံးသွားပါသဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲမိပါကြောင်း၊ ဆရာမ၏ ရဲရင့်မှုအပေါ် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုပြီး ဆရာမ အပါအဝင် ကျဆုံးသွားသော အာဇာနည်များအတွက်လည်း ဝမ်းနည်းဂုဏ်ယူပါကြောင်း” ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN) ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

WJ ၏ အဖွဲ့ခေါင်းဆောင် ဒေါ်အားခူက မတ်လ ၂၈ ရက်၊ မွန်းလွဲ ၄ နာရီမှာ ဒီမိုကရေစီအရေးအတွက် အသက်ပေးလိုက်ချိန်မှာ အသက် ၃၇ နှစ်ရှိပါတယ်။