ယနေ့ မေလ (၂၈) ရက်နေ့ရက်စွဲနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ သဘောထားထုတ်ပြန်ချက် အမှတ် (၅/၂၀၂၁) ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာ ဘီးလင်းမြို့ ကြံ့ဖွံ့ဥက္ကဌဦး မြင့်ဆွေ သတ်ဖြတ်ခံရသည့်ကိစ္စကို စတင်ရေးသားထားပြီး၊ ယခုထိ အောက်ခြေအထိအာဏာသက်ရောက်မှု မရှိသေးကြောင်းဝန်ခံထားကာ၊ တရားမဝင်မဲ (၁၀) သန်းကျော်ခိုးထားတဲ့အကြောင်း၊ စစ်မီးတောက်လောင်မှုဆီ ရှေးရှုနေတဲ့ကာလဖြစ်ကြောင်း၊ မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို အပြည့်အဝကျင့်သုံးခြင်းသည် တစ်ဦးချင်းလုံခြုံရေးအတွက် ရှောင်လွဲ၍မရသော ရွေးချယ်ရန်နည်းလမ်းဖြစ်လာ ကြောင်း၊ ယင်းအတွက်လည်း ပါတီလမ်းညွှန်ချက်များ ချမှတ်ထားပြီးဖြစ် ကြောင်း နှင့် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။