News

ကေအိုင်အေ နှင့် စစ်ကောင်စီလက်နက်ကိုင်တို့ အလောဘွမ်တွင် တိုက်ပွဲပြင်းထန်နေ

By TheLisuTimes

March 24, 2021

မတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ကေအိုင်အေက အလောဘွမ်အနီး ရှန်တိန်းတောင် မှာတပ်စွဲထားတဲ့ စစ်ကောင်စီ လက်နက်ကိုင်တပ်ကို သိမ်းဆည်းလိုက်ပြီး၊ ယခု အလောဘွမ်မှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်လျှက်ရှိတယ်လို့ သတင်းရပါတယ်။

မတ်လ ၂၃ ရက်နေ့မှာလည်း ကေအိုင်အေက ဆဒုံးရေတံခွန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ခဲ့ပါတယ်။

ကေအိုင်အေနှင့် တပ်မတော်ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ကာလအတန်ငြိမ်သက်ခဲ့ပြီးနောက်၊ မတ်လ ၁၁ ရက်နေ့မှ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ဆဒုံးရေတံခွန်စခန်းသိမ်းချိန် ကေအိုင်အေက သိမ်းယူရရှိသော လက်နက်ခဲယမ်းများ