News

ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်များ ပူတာအိုတွင်တိုက်ပွဲဖြစ်

By TheLisuTimes

March 31, 2021

မတ်လ ၃၁ ရက်နေ့မှာ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်များ မတ်လ ၃၁ ရက်၊ နံနက် ၉း၃၀ တွင် တိုက်ပွဲဖြစ်ပွားနေပြီး အထိအခိုက်အကျအဆုံးစာရင်းကို မသိရသေးပါ။ ဆွမ်ပီယန်ကျေးရွာတွင် တပ်စွဲထားသည့် ခလရတပ်ရင်း ၁၃၈ နှင့် ၄၆ တို့ကို ကေအိုင်အေ၏ တပ်မဟာ ၁၊ တပ်ရင်း ၇ တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။