Education

ကေအိုင်အို အစိုးရစစ် ၁၀ တန်းအောင်စာရင်း မေလ ၂၂ ရက်နေ့ထုတ်ပြန်မယ်

By TheLisuTimes

May 18, 2021

ကေအိုင်အို အစိုးရစစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို လာမယ့် မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ သတင်းရပါတယ်။

ကေအိုင်အိုအစိုးရရဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဧပြီလ ၁၂ – ၁၉ မှာကျင်းပခဲ့ပြီး၊ လာမယ့် မေလ ၂၂ ရက်နေ့မှာ အောင်စာရင်းထုတ်ပြန်မှာဖြစ်ပါတယ်။

ကေအိုင်အေထိန်းချုပ်နယ်မြေများဖြစ်တဲ့ လိုင်ဇာ ( Laiza) ၊ မိုင်ဂျာယာန် ( Mai Ja Yang)၊ အင်ဘားပါ ( Nba Pa) ၊ အလန်ဘွမ် ( Alen Bum) နဲ့ အင်ဂွမ်းလ( N-gum La) အထက်တန်းကျောင်းများက ကျောင်းသူကျောင်းသား စုစုပေါင်း ၈၃၁ ယောက် ဖြေဆိုထားတာဖြစ်ပါတယ်။ ဓာတ်ပုံ – Sisakasa