လီဆူအနုပညာရှင် ယော်တီဖာက မြစ်ကြီးနားထောင်ထဲကနေ စာ ၂ စောင်- သူငယ်ချင်းများ အတွက်နဲ့ မိခင်အတွက် မေလ (၂၁) ရက် နေ့စွဲနဲ့ စာရေးပို့ လိုက်ပါတယ်။ ဗမာလိုရေးလိုက်တဲ့စာတစ်စောင်မှာ သူငယ်ချင်းများ ပေးလိုက်တဲ့ ပစ္စည်းကို လက်ခံရရှိလို့ ကျေးဇူးတင်ပါကြောင်း၊ လိုအပ်ရင် ရှေ့နေဆီက အကြံဉာဏ်နှင့် ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုလိုပါကြောင်းရေးသားထားပြီး၊ လီဆူလိုရေးသားထားတဲ့စာထဲမှာတော့ ချစ်ခင်ရပါသောသူအားလုံး ဆုတောင်းကူညီမှုအတွက်ကျေးဇူးတင်ပါကြောင်း၊ ထောင်ထဲမှာလည်း သူငယ်ချင်းတွေကို ကိုယ်ယုံကြည်ရာ ဘုရားသခင်အကြောင်း ပြောပြခွင့် ရနေပါကြောင်း၊ အားလုံးလည်း ဂရုတစိုက် နေထိုင်ကြဖို့နဲ့ အားလုံးကို လွမ်းလျက်နေရပါကြောင်း ဖော်ပြထားပါတယ်။
လီဆူအနုပညာရှင် ကိုယောတီဖာကို မြစ်ကြီးနား ထောင်ထဲမှာ ထိန်းသိမ်းထားက ၅၀၅ (က) နဲ့အမှုဖွင့် တရားစွဲဆိုခံနေရတာ ဖြစ်ပါတယ်။