History

ကမာရွတ်က အမေရိကန်စင်တာကို လက်နက်ကိုင်တွေ ပစ်ခတ်ပြီ

By TheLisuTimes

March 27, 2021

ကမာရွတ်က အမေရိကန်စင်တာကို ယနေ့ မတ်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၂း၂၆ အချိန်မှာ အိမ်စီးကားတစ်စီးပေါ်က လက်နက် ကိုင်တွေက ကျည်လေးချက် ပစ်သွင်းလိုက်တယ်လို့ သတင်းထွက်လာပါတယ်။

“သံရုံးပစ်တာမဟုတ်ဘူး။ စာကြည့်တိုက်ပစ်တာ။ ဖီးတက်မနေကြနဲ့။ ဘာမှ မဖြစ်ဘူး။ ကြေငြာချက်နဲ့ ပြီးသွားမှာ။” လို့ Ashin Khema Nanda ကရေးသားလိုက်ပါတယ်။ လက်နက်မဲ့ မြန်မာပြည်သူလူထုကလည်း တရားမျှတမှု နှင့် လွတ်လပ်မှုအတွက် သူတို့လုပ်နိုင်သမျှကို လုပ်နေပေမယ့် အင်အားကြီးဒီမိုကရေစီနိုင်ငံတွေက စစ်ကောင်စီရဲ့ သွေးအေးအေး သတ်ဖြတ်နေမှုများကို ကြည့်နေနိုင်လွန်းတယ်လို့ ဝေဖန်နေကြတာ ရှိနေပါတယ်။

သံတမန်ပိုင်နက် နယ်မြေကို လက်နက်ပစ်ခတ်မှုဟာ နိုင်ငံချင်းအကြား ကြီးလေးတဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။