ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါကူးစက်သူ လူနာတစ်သိန်းကျော်ရှိလာတဲ့ မြန်မာနိုင်ငံမှာ ယခင်က တစ်နေ့ လျှင် ပျမ်းမျှ ရောဂါကူးစက်သူ တစ်ထောင်ကျော် ဝန်းကျင်ရှိခဲ့ ရာက ယခု ရက်ပိုင်းအတွင်း တစ်ထောင် အောက်ကျဆင်းလာတာကိုတွေ့ရပါတယ်။ ယခု ရက်ပိုင်း အစိုးရက ပြည်တွင်းလေယာဥ်ခရီးစဥ်များပြန်လည်ပျံသန်းခြင်း အပါအဝင် ဖြေလျှော့မှုအချို့ပြုလုပ်လာသည်ကို တွေ့ရပါတယ်။ စားသောက်ဆိုင်များကိုလည်း ရောဂါကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်များ ပြုလာခဲ့ပါတယ်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ် သည် ကာကွယ်ဆေးများပေါ်လာသည့်တိုင် ကမ္ဘာပေါ်မှ အချိန်အတော်ကြာ ပျောက်ကွယ်မသွားနိုင်ဘဲ ရာသီတုပ်ကွေးဗိုင်းရပ်စ်များကဲ့သို့ ဆက်လက်တည်ရှိနေဦးမည် ဖြစ်၍ မိမိတို့ ဆက်လက်ရှင်သန်နေနိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ လူမှု ဘဝများ မနောက်ကျရအောင် စဥ်းစားကြံဆ ကြရမည် ဖြစ်ကြောင်း၊ တချိန်တည်းမှာ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများ ကို ယခင်ကအတိုင်း တင်းကြပ်စွာ လိုက်နာကြရန်လိုကြောင်း ဒီဇင်ဘာ (၂၂ ) ရက်နေ့ ရက်စွဲဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကာလ အတွင်း ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားထိခိုက်နစ်နာမှု များစွာ ရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ယခင်ကအတိုင်း ပြန်လည် လည်ပတ်ရန်အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ရုန်းကန်ရဦးမည် ဖြစ်သည်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းမြို့ ရပ်ကွက်အချို့တွင် ဘုန်းကြီကျောင်းမှ စွန့်သော ဆွမ်းကြွေးကျန်များ ကို လူတန်းရှည်ဖြင့် လာရောက်စောင့်ဆိုင်းရယူခဲ့မှုများလည်း ရှိခဲ့ပါသည်။ ဒီဇင်ဘာ (၂၂ ) ရက်အထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ ၂,၄၈၄ ဦး ရှိပြီဖြစ်သည်။
Zawgyi
ကို႐ိုနာဗိုင္းရပ္စ္ (ကိုဗစ္-၁၉) ေရာဂါကူးစက္သူ လူနာတစ္သိန္းေက်ာ္ရွိလာတဲ့ ျမန္မာႏိုင္ငံမွာ ယခင္က တစ္ေန႔ လွ်င္ ပ်မ္းမွ် ေရာဂါကူးစက္သူ တစ္ေထာင္ေက်ာ္ ဝန္းက်င္ရွိခဲ့ ရာက ယခု ရက္ပိုင္းအတြင္း တစ္ေထာင္ ေအာက္က်ဆင္းလာတာကိုေတြ႕ရပါတယ္။ ယခု ရက္ပိုင္း အစိုးရက ျပည္တြင္းေလယာဥ္ခရီးစဥ္မ်ားျပန္လည္ပ်ံသန္းျခင္း အပါအဝင္ ေျဖေလွ်ာ့မႈအခ်ိဳ႕ျပဳလုပ္လာသည္ကို ေတြ႕ရပါတယ္။ စားေသာက္ဆိုင္မ်ားကိုလည္း ေရာဂါကာကြယ္ေရး စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ခြင့္မ်ား ျပဳလာခဲ့ပါတယ္။
ကိုဗစ္-၁၉ ဗိုင္းရပ္စ္ သည္ ကာကြယ္ေဆးမ်ားေပၚလာသည့္တိုင္ ကမာၻေပၚမွ အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္မသြားႏိုင္ဘဲ ရာသီတုပ္ေကြးဗိုင္းရပ္စ္မ်ားကဲ့သို႔ ဆက္လက္တည္ရွိေနဦးမည္ ျဖစ္၍ မိမိတို႔ ဆက္လက္ရွင္သန္ေနႏိုင္ရန္ ႀကိဳးစားၾကရမည္ျဖစ္သည္။ လူမႈ ဘဝမ်ား မေနာက္က်ရေအာင္ စဥ္းစားႀကံဆ ၾကရမည္ ျဖစ္ေၾကာင္း၊ တခ်ိန္တည္းမွာ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး စည္းကမ္းမ်ား ကို ယခင္ကအတိုင္း တင္းၾကပ္စြာ လိုက္နာၾကရန္လိုေၾကာင္း ဒီဇင္ဘာ (၂၂ ) ရက္ေန႔ ရက္စြဲျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက တိုက္တြန္းလိုက္ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ကို႐ိုနာ ဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါကာလ အတြင္း ပညာေရး၊ က်န္းမာေရး ႏွင့္ လူမႈစီးပြားထိခိုက္နစ္နာမႈ မ်ားစြာ ရွိခဲ့ၿပီး စီးပြားေရးလုပ္ငန္းမ်ား ယခင္ကအတိုင္း ျပန္လည္ လည္ပတ္ရန္အတြက္ အခ်ိန္အတိုင္းအတာ တစ္ခုအထိ ႐ုန္းကန္ရဦးမည္ ျဖစ္သည္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း စစ္ကိုင္းၿမိဳ႕ ရပ္ကြက္အခ်ိဳ႕တြင္ ဘုန္းႀကီေက်ာင္းမွ စြန္႔ေသာ ဆြမ္းေႂကြးက်န္မ်ား ကို လူတန္းရွည္ျဖင့္ လာေရာက္ေစာင့္ဆိုင္းရယူခဲ့မႈမ်ားလည္း ရွိခဲ့ပါသည္။ ဒီဇင္ဘာ (၂၂ ) ရက္အထိ ထုတ္ျပန္ခ်က္မ်ားအရ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ -၁၉ ေၾကာင့္ ေသဆုံးသူ ၂,၄၈၄ ဦး ရွိၿပီျဖစ္သည္။